About

Our Htet Aung Shine Real Estate and Travel Service Company was incorporated in 2007,led by U Aung Soe(Managing Director) and has been standing successfully.
The data concerning your land and buildings,apartments,condo,industrial zone and shop-rooms shall freely be advertised on newspapaers,estate journals,online and website in order to sell,purchase,hire as soon as possible.

In giving the data concerning your land and buildings,we have general service for you checking the situation of your ownership in free of charge under the current price and giving advice and that is why you are welcome to order connecting with phone (or) coming yourself in belief.
Our experienced staff are ready to show and explain for the guests who want to hire/purchase,construct building in contract system between contractor and landlord,sign sale deed/lease deed with the assistance of legal experts in free of charge.

Legal experts serve to sign deed for the land and building,condo and flats purchased in your own plan and discuss with you separately for your tight ownership.
We are standing successful by coordinating and serving you till your satisfaction from the beginning until the end with our best service.

Read more

Feature
Properties

Latest
properties

Sale
  • Condo

  • 1200 sqft

  • 2 Bedroom

  • 2 Bathroom

Dagon Seikkan,Yangon

2300

LAKHS Negotiate
Sale
  • Condo

  • 1500 sqft

  • 2 Bedroom

  • 2 Bathroom

Hlaing,Yangon

USD
Sale
  • Mini Condo

  • 1740 sqft

  • 4 Bedroom

  • 3 Bathroom

Hlaing,Yangon

3200

LAKHS Negotiate

Browse By Township

Want To Know More about properties?

Latest
News

02-Feb-2023

ထိုင်းတွင် မြန်မာ ကွန်ဒိုဝယ်ယူမှု ၆ ဆ ပိုများခဲ့

တရုတ်ပြည်မကြီးတွင် ခရီးသွားလာခွင့် ကန့်သတ်ထားခဲ့သော်လည်း တရုတ်လူမျိုးများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအပြောင်းအရွှေ့များကို ယမန်နှစ် ၂၀၂၂ တွင် လွှမ်းမိုးထားဆဲဖြစ်သည်။

မြန်မာနိုင်ငံသား  ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အရေအတွက်သည် စီးပွားရေးနှင့် နိုင်ငံရေး အကြောင်းပြချက်များကြောင့် မြန်မာသည် ကွန်ဒို အများဆုံးဝယ်ယူသည့် ထိပ်တန်း (၁၀ ) စာရင်းထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်။

ရန်ကုန်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံ CIM Property Consultants Co ၏ မန်နေဂျင်းဒါရိုက်တာနှင့် အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand ၏ အတိုင်ပင်ခံဝန်ဆောင်မှုများအတွက် လက်ထောက်မန်နေးဂျင်းဒါရိုက်တာ 
Karlo Pobre က ပြောကြားသည်မှာ 
စီးပွားရေးစိန်ခေါ်မှုများသည် ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံသားအချို့ကို ပိုမိုလုံခြုံစိတ်ချရပြီး တည်ငြိမ်သော စျေးကွက်များတွင် အရံဒုတိယအိုးအိမ်များ ထားရှိရန်  တွန်းအားပေးခဲ့သည်။ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အိုးအိမ် ထားရှိဖြစ်ကြသည်။

“မြန်မာနိုင်ငံက မိသားစု အတော်များများက ထိုင်းနိုင်ငံမှာ ဒုတိယအိုးအိမ်တွေကို အဓိက အကြောင်းပြချက် သုံးခုနဲ့ ဝယ်ယူကြတယ်။ပထမတစ်ချက်က ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များအတွက် ဓနဥစ္စာပိုင်ဆိုင်မှုကို ထားသိုတာ ဖြစ်ပါတယ်။ ဒုတိယအချက် ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများအတွက် ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ သူတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် နေထိုင်စရာ နေရာတစ်ခုအဖြစ် အသုံးချဖို့ပါပဲ”

အိမ်ခြံမြေသတင်းအချက်အလက်ဌာန Real Estate Information Center (REIC) ၏ အဆိုအရ ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ မြန်မာနိုင်ငံသားများထံသို့ လွှဲပြောင်းပေးသည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ထက် ခြောက်ဆကျော် မြင့်တက်လာခဲ့သည်။ ၂၀၂၂ ပထမ ၉ လအတွင်း ကွန်ဒိုအခန်း ၁၈၈ ခန်းကို မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့ကြသည်။ ၂၀၂၀ တွင် ၂၆ မျှသာ ရှိခဲ့ပြီး ၂၀၂၁ တွင် အခန်း ၃၀ မျှသာ ရှိခဲ့သည်။

ယင်းကြောင့် မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် သတ္တမမြောက် ကွန်ဒိုဝယ်ယူမှု အများဆုံးနိုင်ငံသား ဖြစ်လာခဲ့သည်။
REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍  ထိပ်တန်း(၁၀) စာရင်းထဲသို့ မြန်မာနိုင်ငံသားသည် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။

REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်း ၄၈ ခန်း ရှိခဲ့ပြီး ၂၀၁၉ တွင် ၅၄ ခန်းသို့ မြင့်တက်ခဲ့သည်။ ၂၀၂၀ တွင် ၂၆ ခန်းသို့ ကျဆင်းခဲ့သည်။ အကြောင်းမှာ ကိုဗစ်ကြောင့် လေဆိပ်များ ပိတ်ထားသောကြောင့် ဖြစ်နိုင်သည်ဟု Mr Pobre က သုံးသပ်သည်။
၂၀၂၂ ပထမ ၉ လတွင် မြင့်တက်ခဲ့သည်မှာ ၂၀၂၂ ဇွန်လတွင် မြန်မာနိုင်ငံမှ လေဆိပ်များ ပြန်ဖွင့်လိုက်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသားများ ဝယ်ယူကြသည့်  ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၇ ဒသမ ၁ သန်း ဖြစ်ပြီး နိုင်ငံခြားသားများ ဝယ်ယူကြသည့် ကွန်ဒို တိုက်ခန်းများအနက် ဈေးအမြင့်ဆုံးတွင် ပါဝင်သည်။ 
ဒုတိယနေရာတွင် ထိုင်ဝမ်နှင့် ပြင်သစ်တို့ ရှိနေပြီး ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၆.၃ သန်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအတွက် မြန်မာနိုင်ငံသား ပေးဆောင်ရသည့် ပျမ်းမျှဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ သို့မဟုတ် ဘတ် ၈.၅ သန်းဖြစ်ပြီး ပျမ်းမျှ အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၀ မှ ၁၀၀ အတွင်း ရှိကြောင်း၊ ၎င်းတို့သည် ပုံမှန်အားဖြင့် မျိုးဆက်နှစ်ခု သို့မဟုတ် သုံးခုရှိသော မိသားစုကြီးတစ်ခုအဖြစ် နေထိုင်ကြသဖြင့် အိပ်ခန်းနှစ်ခန်း ပါသည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်ကြောင်း Pobre က ပြောကြားသည်။
“ထိုင်းမှ တူညီတဲ့ စျေးနှုန်းခွင်ထဲမှာဖြစ်တဲ့  ကွန်ဒိုတွေက အရည်အသွေး ကောင်းမွန်ပြီး ရင်းနှီးမြုပ်နှံမှုပြုဖို့ ပိုစိတ်ချရတယ်” ဟု Mr Pobre က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အရံဒုတိယအိုအိမ်အဖြစ် ကွန်ဒိုတိုက်ခန်း ဝယ်ယူကြရာတွင် ဘန်ကောက်မြို့တွင် အဝယ်များကြသည်။ 
ဘန်ကောက်မြို့တွင် ရထားလိုင်းများနှင့် နီးသော Sukhumvit ကို နှစ်သက်ကြသည်။ အချို့က ကျန်းမာရေး ဝန်ဆောင်မှုများနှင့် နီးသည့်နေရာကို ရွေးချယ်ကြသည်။ အချို့က ပညာသင်ယူရန် တက္ကသိုလ်ကောလိပ်များနှင့် အနီးအနား နေရာမျိုးကို ရွေးချယ်ကြသည်။

REIC ၏ အဆိုအရ ၂၀၂၂ ခုနှစ် ပထမ ကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို အများဆုံး ဝယ်ယူခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံသားများသည်ကွန်ဒိုဝယ်ယူသည့် နိုင်ငံခြားသားများအကြားတွင်  ယခင်က ၆၀% ခန့်  ဖြစ်ခဲ့ပြီး ၂၀၂၂ ပထမ ၉ လတွင် ၄၈.၉% သို့ ကျဆင်းသွားခဲ့ပါသည်။
Source Bangkokpost 

#Crd:Myanmar Builder Guide.


Read More
17-Jan-2023

မြန်မာတွင် ဆိုင်းငံထားသော စက်မှုဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းစု Amata က ဗီယက်နမ်နှင့် လာအိုတို့ထံ ရွှေ့ပြောင်းလုပ်ကိုင်

မြန်မာတွင် ဆိုင်းငံထားသော စက်မှုဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းစု Amata က ဗီယက်နမ်နှင့် လာအိုတို့ထံ ရွှေ့ပြောင်းလုပ်ကိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြည်ပကုမ္ပဏီ အများအပြား နိုင်ငံတွင်းမှ ထွက်ခွာသွားစေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စီးပွားရေးလုပ်ကိုင်မှုများ ရပ်ဆိုင်းခဲ့ကြတာမှာ Amata သည်လည်း  မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်မှု ရပ်ဆိုင်းခဲ့ပါတယ်။ 
“ဝန်ထမ်းတချို့နဲ့ ရုံးခန်းကို ဆက်လက်ထားရှိပြီး မြန်မာနိုင်ငံက စက်မှုဇုန်မှာ လုပ်ငန်းတွေ အားလုံးကိုတော့ ခေတ္တဆိုင်းငံ့ထားပြီး အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်” ဟု Amata ၏ စျေးကွက်ဆိုင်ရာ အရာရှိချုပ် Viboon Kromadit က ပြောကြားသည်။
“ချဲ့ထွင်ဖို့ စီစဉ်တဲ့အခါ မဲခေါင်ဒေသကို တစ်ခုလုံးအနေဖြင့် အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

 စက်မှုဇုန်များ ဖော်ဆောင်ရေးတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်း  Amata Corporation သည် ၎င်း၏ တိုးချဲ့မှု အစီအစဉ်ကို ၂၀၂၃ ခုနှစ်အတွက် ချိန်ညှိပေးထားပါသည်။ 
ကြီးထွားမှု မြန်ဆန်နေသည့် ဗီယက်နမ်၊ ထွန်းသစ်စ လာအိုတို့ထံ စူးစိုက်မှု ရွေ့ပြောင်းထားပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကို ရပ်ဆိုင်းထားပါသည်။

“ဒီနှစ်အတွက်တော့ ဗီယက်နမ်ကို ဆက်လက်အာရုံစိုက်နေတုန်းပါပဲ၊လာအိုနိုင်ငံက နေရာအသစ်‌အဖြစ်ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ လာအိုကို ကျွန်တော်တို့ ယမန်နှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီမှာ မကြာခင် စက်မှုဇုန်တွေ ကျွန်တော်တို့ စတင် တည်ဆောက်တော့မှာပါ” ဟု ၎င်းက ပြောကြားသည်။
ကုမ္ပဏီသည် အရင်းအနှီးအဖြစ် သုံးစွဲရန် ဘတ် ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၄၄ သန်း) ကို သီးခြားဖယ်ထားသည်။ ၎င်းပမာဏမှ ၅၀% ကို ဗီယက်နမ်တွင် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် သုံးစွဲမည်။ ၂၀% ကို ထိုင်းနိုင်ငံမှ စီမံကိန်းများအတွက် သုံးစွဲမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏကို လာအိုနိုင်ငံအတွက် သုံးစွဲသွားမည် ဖြစ်သည်။

နှစ်စဉ်ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း ၈% ဝန်းကျင်ရှိပြီး ငယ်ရွယ်သည့် အသက်အပိုင်းအခြားတွင် ရှိပြီး ဈေးသက်သာသော လုပ်သားအင်အားဖြင့် ဗီယက်နမ်သည် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိသည်။

Amata သည် ကြီးထွားလာနေသော စက်မှုဇုန်များ လိုအပ်မှုကို ဖြည့်ဆည်းရန်အတွက် စက်မှုဇုန်များ တိုးချဲ့ဖို့ မြေနေရာရယူရန်အတွက် ၎င်း၏ အရင်းအနှီး အများစုကို သုံးစွဲနေပါသည်။ အထူးသဖြင့် လုပ်သားအင်အား အများအပြားသုံးစွဲပြီး လုပ်ကိုင်ကြရသည့် လုပ်ငန်းများသည် ဗီယက်နမ်သို့ ရွှေ့ပြောင်းအ‌ခြေချလျက် ရှိနေသဖြင့် ယင်းတို့အတွက် စက်မှုဇုန်များ ထူထောင်ပေးထားမည် ဖြစ်သည်။

ကုမ္ပဏီသည် ဗီယက်နမ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ စက်မှုဥယျာဉ် သုံးခုကို လုပ်ကိုင်လျက် ရှိသည်။ စုစုပေါင်း အကျယ်အဝန်း ၁၈.၃ စတုရန်းကီလိုမီတာ ရှိသည်။ စက်ရုံ စုစုပေါင်း ၂၀၀ ကျော်ကို နေရာချပေးထားသည်။

ယမန်နှစ်တွင် Amata သည် လာအိုနိုင်ငံတွင် စက်မှုဥယျာဉ်တစ်ခု စတင်ထူထောင်ခဲ့ပါသည်။
ကြီးမားသော တရုတ်ဈေးကွက်ကြီးမှ ဝယ်ယူသုံးစွဲသူများကို လက်လှမ်းမီဖို့ လွယ်ကူစေသည့် မြန်နှုန်းမြင့်ရထားလမ်း အချိတ်အဆက်ကို လာအိုနိုင်ငံ ရရှိထားသဖြင့် လာအိုသည် ကုန်ထုတ်လုပ်ရေး  လုပ်ဆောင်လျှင် အလားအလာကောင်းသည့် နေရာတစ်ခု ဖြစ်လာသည်။

လာအိုမှ Amata City Natuey စီမံကိန်းသည် ဧရိယာ ၄.၁ စတုရန်းကီလိုမီတာ ရှိသည်။ တရုတ်-လာအို ရထားလမ်း၏ အဓိကျသည့် ရထားဘူတာရုံနှင့် နီးသဖြင့် စိတ်ဝင်စားမှု ရရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နီးသည်။

လာအိုသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သော်လည်း မြန်နှုန်းမြင့်ရထားလမ်းက လာအိုကို ကုန်လမ်းအချိတ်အဆက်ကောင်းသည့် နိုင်ငံအဖြစ်သို့ ပြောင်းလဲပေးလိုက်ပြီ ဖြစ်သည်။
“အဲ့ဒါကြောင့် ကျွန်တော်တို့ ခုန်ဝင်လိုက်တယ်” ဟု Viboon က ပြောကြားသည်။


ထိုင်းနိုင်ငံတွင် Amata သည် မြေဧရိယာ ထပ်မံရယူဖို့ စိတ်မဝင်စားပေ။ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်နှင့် ရယောင်းပြည်နယ်တို့တွင် မြေဧရိယာ ၂၈.၃ စတုရန်းကီလိုမီတာ ရထားပြီး စက်ရုံ ၁,၁၀၀ ခန့်ကို နေရာပေးထားသည်။

မြေအစား အခြေခံအဆောက်အအုံတွင် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသည်။ အထူးသဖြင့် 5G ကွန်ရက် ဆက်သွယ်ရေးနှင့် ပြန်ပြည့်မြဲ စွမ်းအင်တို့ကို လုပ်ကိုင်ဆောင်ရွက်သည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရန် ထိုင်းနိုင်ငံ၏ ဇီဝစက်ဝိုင်း-စိမ်းလန်း bio-circular-green(BCG) ပဏာမခြေလှမ်းကို ပံ့ပိုးကူညီပါသည်။ 

“BCG ကို နိုင်ငံများစွာက လက်ခံကျင့်သုံး‌ကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စက်မှုဇုန်တွေကို ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များဟာ BCG လိုအပ်ချက်များနှင့် ကိုက်ညီ‌ေနတာကြောင့် ရင်းနှီးမြှုပ်နှံသူများ ကျေနပ်မှု ရရှိကြပါလိမ့်မယ်။ ကမ္ဘာ့ဈေးကွက်ထဲလည်း ဝင်နိုင်ပါလိမ့်မယ်” ဟု Viboon က ပြောသည်။

ထိုင်းနိုင်ငံရှိ စက်မှုဇုန်များသည် အစိုးရမှ ရည်မှန်းချက်ထားသော ကဏ္ဍများဖြစ်ကြသည့် 
လျှပ်စစ်ကားများ၊ အနာဂတ်အတွက် အစားအစာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆေးဝါးနှင့် ဒေတာစင်တာများတွင် ခေတ်မီနည်းပညာများဖြင့် ဖွံ့ဖြိုးစေမှာဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုးတက်မှု ရပ်တန့်နေပြီး ထပ်မံမတိုးတက်တော့သည့် ‘ဝင်ငွေအလယ်အလတ်ထောင်ချောက်’ ကို ရှောင်လွှဲနိုင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

#Crd:Myanmar Builders Guide

Read More
10-Jan-2023

"ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ"

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Studio Sofield က Steinway Tower တည်ဆောက်ပြီးစီးကြောင်း ကြေညာပြီး အရောင်းဖွင့်လိုက်ပါတယ်။ ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၇.၇၅ သန်းမှ ၆၆ သန်းအထိ အစားစား ရှိပါတယ်။ .. Steinway Tower အမြင့် ၁,၄၂၈ ပေ ရှိပြီး နယူးယောက် ဗဟိုပန်းခြံကို အထက်စီးမှ မြင်ရတဲ့ မြင်ကွင်းကို ပေးအပ်ထားပါတယ်။ . အမြင့်နှင့် အနံအချိုး 24:1 ဖြင့် ဒီဇိုင်းထုတ်ထားတဲ့ Steinway Tower ကို ၎င်း၏ developer များက “ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခမ်းနားထည်ဝါသော မန်ဟက်တန်မြို့လယ်ရှိ အထင်ကရနေရာမှာ ကမ္ဘာ့အပါးဆုံး မိုးထိတိုက် အဖြစ် အထင်ကရ အဆောက်အဦဖြစ်လာတဲ့ Steinway Tower တည်နေရာမှာ တစ်ချိန်တုန်းက သမိုင်းတွင်ခဲ့တဲ့ Steinway & Sons စန္ဒယားကုမ္ပဏီ တည်ရှိခဲ့တာကို အစွဲပြုပြီး Steinway Tower လို့ အမည်တွင်ပါတယ်။ တည်ရာ လိပ်စာအရ 111 West 57th Street အဆောက်အဦအဖြစ်ဖြင့်လည်း သိကြပါတယ်။ အထပ်ပေါင်း ၉၁ ထပ်ပါရှိပြီး လူနေတိုက်ခန်းများ ပါတဲ့ အထပ်များအပြင် တစ်ထပ်လုံး အပြည့်ယူထားတဲ့ အခန်းပါတဲ့ အထပ် ၄၆ ခု ပါဝင်ပါတယ်။ အလင်းမတူရင်ဖြစ်စေ၊ ရှုထောင့်မတူရင်ဖြစ်စေ အရောင်အသွေး ပြောင်းလဲတဲ့ မြေနီထည်ဖြင့် မျက်နှာစာကို အလှဆင်ထားပါတယ်။ Steinway Tower အတွင်းပိုင်းကို ၁၉ ရာစု အနှောင်းပိုင်း ရသ ရရှိအောင် အလှဆင်ထားပါတယ်။ ပြင်ပမှ အလင်း ပြည့်ပြည့်ဝဝ ဝင်နိုင်အောင် ပြတင်းပေါက်များ ပါတဲ့ ခန်းမထဲမှာ အလျား ၈၂ ပေရှိတဲ့ ရေကူးကန်တစ်ခု ထည့်ပေးထားပါတယ်။ အမြဲစိမ်းနေတဲ့ ဓနိပင်တွေကို ပြတင်းပေါက်တွေကြားမှာ နေရာချထားပြီး ယာမကာ မှီဝဲဖို့ နယူးယောက်ရဲ့ အစဉ်အလာ King Cole Bar လည်း ရှိနေပါတယ်။ ၁၄၂၈ ပေ မြင့်တဲ့ Steinway Tower ဟာ နယူးယောက်မှာ အပါးလွှာဆုံး မိုးထိတိုက် ဖြစ်ပေမဲ့ အမြင့်ဆုံး မိုးထိတိုက်တော့ မဟုတ်ပါဘူး။ နယူးယောက်မြို့မှ One World Trade Center က ၁၇၇၆ ပေ မြင့်ပြီး Central Park Tower က ၁၅၅၀ ပေ မြင့်ပါတယ်။ . ပါးလွှာ မိုးထိတိုက်တွေ ၁၉၇၀ ပြည့်လွန်နှစ်များမှာ ဟောင်ကောင်မှာ ခေတ်စားခဲ့ပြီး ခဲတံတစ်ချောင်း မတ်မတ်ထောင်ထားပုံနှင့် ခိုင်းနှုန်းပြီး ‘ခဲတံတာဝါ’ လို့လည်း ခေါ်ကြပါတယ်။ ဟောင်ကောင်ကို အတုယူပြီး အခြားမြို့ကြီးများမှာ ခဲတံတာဝါ တည်ဆောက်ခဲ့ကြရာမှာ နယူးယောက်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Credit: Myanmar Builder Guide

Read More