NEWS

News for htet aung shine
06-Dec-2024

သိကောင်းစရာ ဥယျာဥ်ခြံမြေ အကြောင်

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။


မြေစာရင်း ပုံစံမှာ ” G” အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ “G” မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။


၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က “G” မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။


၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။


၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် ” လ/ယ ၃၀” လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။


၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။

#Credit;

Read More
News for htet aung shine
22-Mar-2024

အိမ်တစ်လုံးဝယ်ရင် ခေါင်းမစားရလေအောင် ပြင်ဆင်ထားသင့်သည့် အချက်များ

သင့်ရဲ့ ဘဝနေထိုင်မှုပုံစံထဲမှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်ရွယ်နေပြီလား။ အိမ်ဝယ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်မှန်းထားတဲ့ အိမ်မျိုးဝယ်ဖို့ စဉ်းစားရတာ ရှုပ်ထွေးပြီး ခေါင်းခဲနေမှာ အမှန်ပါပဲ။

ဒါပေမဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်တွေကို ကြိုတင်လေ့လာခဲ့မယ်ဆိုရင်တော့ အခုလိုမျိုး ခေါင်းခဲနေမှာ မဟုတ်တော့ပါဘူး။ 

ဒါတွေကို ဖြေရှင်းပေးဖို့ အိမ်ဝယ်ခြင်းအဆင့်ဆင့် လမ်းညွှန်ခြင်း နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြည့်စုံတဲ့နေရာမှာ ပြည့်စုံတဲ့အိမ်တစ်လုံး မရှာခင်မှာ အိမ်ဝယ်မယ့်သူတွေအနေနဲ့ ဒီအချက်တွေကို အရင် သိထားသင့်ပါတယ်။

(၁) သင့်ရဲ့ ဘဏ်စုငွေနှင့် ချေးငွေစာရင်းကို အရစ်စစ်ပါ။

ငွေချေးကုမ္ပဏီကို မဆက်သွယ်ခင် သင့်မှာရှိတဲ့ ဘဏ်စုငွေနဲ့ ချေးငွေကို ဦးစွာစစ်ထားပါ။ သင့်သုံးစွဲမှုအတွက် ကျသင့်ငွေတောင်းခံလွှာ (Bill) ပုံမှန်ပေးရဲ့လား၊ လက်ရှိမှာ သင့်ဆီမှာ အကြွေးဘယ်လောက်ရှိလဲ၊ ငွေချေးခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ စသဖြင့်ပေါ့။ 

အပေါင်စာချုပ်နဲ့ ငွေချေးပေမယ့်သူဟာ သင့်ရဲ့ အကြွေးစာရင်းအဟောင်းတွေကို သိချင်ပါတယ်။ ဒါကြောင့် အကုန်စစ်ထားပါ။ ငွေချေးမယ့်သူတွေဟာ သင့်ရဲ့ ဘဏ်ကဒ်တွေ၊ ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးမှာမို့ ကြိုတင်ပြင်ဆင်ထားပါ။ 

(၂) သင်ဘယ်လောက် ပမာဏသုံးမလဲဆိုတာ ကြိုတင်မှန်းထားပါ။

အိမ်ဝယ်ဖို့အတွက် သင်ဘယ်လောက် သုံးဖို့ ဆန္ဒရှိလဲဆိုတာ ကြိုတွက်ပြီးရင် ကိုယ်သုံးမယ့် ပမာဏအတွက် အပေါင်စာချုပ်နဲ့ ချေးငွေယူနိုင်မှာ ဖြစ်ပါတယ်။

အခုချိန်ဟာ အိမ်ရာဈေးကွက်ကို သုတေသနပြုလေ့လာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကနေတဆင့် အကြံဉာဏ်ရယူပြီး ဘယ်လိုအိမ်မျိုးကို သက်သာစွာနဲ့ ဝယ်နိုင်ဖို့ ဘယ်လိုချေးငွေယူရမလဲဆိုတာတွေကို လေ့လာထားပါ။

(၃) အိမ်ခြံမြေအကျိုးဆောင်တစ်ယောက် ရှာပါ။

သင့်ရဲ့ အိမ်ဝယ်မယ့်လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကူညီပေးဖို့ အကျိုးဆောင်တစ်ယောက်ရှာပါ။ အရင်ခေတ်တွေတုန်းကတော့ အိမ်ခြံမြေအကျိုးဆောင်တွေကို တကူးတကရှာဖွေပြီး ရွေးချယ်တဲ့ အလေ့အကျင့်မရှိပါဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်နဲ့အဆင်ပြေမယ့် အကျိုးဆောင်ဆီသွားပြီး စကားပြောကြည့်ပါ။ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အကျိုးဆောင်ကို ရွေးချယ်ငှားပါ။

(၄) ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားပါ။

သင့်ကို ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားခြင်းဟာ စိတ်ချရတဲ့ စီစဉ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေမယ့် ငွေချေးမယ့်ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက်ရထားပြီဆိုရင် သင်ဝယ်မယ့် အိမ်ရဲ့ အိမ်ပိုင်ရှင်က သင့်အပေါ်မှာ ယုံကြည်မှု ပိုရှိမှာဖြစ်ပါတယ်။ 

(၅) အိမ်စရှာလို့ရပါပြီ

သင့်ရဲ့ အိမ်ရှာရှော့ပင်းအစီအစဉ်ကို စတင်လို့ရပါပြီ။ ဒီအချိန်မှာ သင်ငှားထားတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ စကားပြောဖို့ လိုအပ်ပြီး သင်တို့နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ဆွေးနွေးရမယ့် အချိန်ပါပဲ။

သင်လိုချင်တဲ့အချက်အလက်တွေနဲ့ အနီးစပ်ဆုံးကိုက်ညီမယ့် အိမ်ရာတွေကို အကျိုးဆောင်က ယူလာခဲ့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ၊ Listing တွေကို လိပ်စာတွေအတိုင်း သွားရောက်ကြည့်ရှုရမှာဖြစ်ပါတယ်။

(၆) သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောထားပါ။

အိမ်ဝယ်မယ့်သူအများစုအတွက် ဒီအချက်ဟာ လိုအပ်ပါတယ်။ တကယ်လို့ သင်လိုချင်တဲ့အိမ်ကို ရှာတွေ့ခဲ့ပြီဆိုရင် သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောပါ။

ဒီနေရာမှာ သင့်အကျိုးဆောင်ပေးထားတဲ့ အိမ်ခြံမြေအရောင်းအဝယ် Listing ထဲမှာ ဖော်ပြထားတဲ့ ဈေးနှုန်းကို သတိရပါ။

သင့်ရဲ့ အကျိုးဆောင်က ဈေးကွက်ကို နားားလည်ပြီး သင့်ကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။ သင်ကြိုက်တဲ့အိမ်ကို တကယ်တွေ့ပြီဆိုရင်တော့ ရွေးချယ်နိုင်မှာဖြစ်ပြီး၊ မကြိုက်သေးဘူး ဆိုရင်တော့ အဆင့်(၅)ကို ပြန်လည်လုပ်ဆောင်ပါ။

(၇) နေရာအထားအသိုအတွက် အိမ်ကို စစ်ဆေးခြင်း။

အဆင့် (၆) အတိုင်း သင့်ရဲ့ သင့်တော်တဲ့ ငွေကြေးကို သဘောကျလို့ သင့်ကို ရောင်းမယ့်သူက လက်ခံလိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ အိမ်ရဲ့ ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေ ထားမလဲဆိုတာကို တိုင်းတာပြီး နေရာချဖို့ အချိန်ယူပြင်ဆင်ပါ။

(၈) စာချုပ်ချုပ်မယ့်နေ့

အထက်ပါလုပ်ဆောင်ချက်တွေ ပြီးသွားပြီဆိုရင်တော့ သင်အိမ်ပိုင်ဆိုင်မယ့် အကြီးမားဆုံးနေ့တစ်နေ့ကို ရောက်လာပါပြီ။ သင့်အနေနဲ့ လက်မှတ်ထိုးဖို့ စာချုပ်ကို သေချာဖတ်ပါ။ ပြင်ဆင်ချင်တဲ့ အချက်မရှိတော့ဘူး၊ အားလုံးသဘောတူလက်ခံတယ်ဆိုမှ လက်မှတ်ထိုးပါ။

သင့်အနေနဲ့ စိတ်ပင်ပန်းနေမယ်ဆိုပေမဲ့ ဒီအဆင့်ကတော့ သင့်ရဲ့အိမ်ကိစ္စ ရှာပုံတော် ပြီးဆုံးဖို့ နီးစပ်လာခဲ့ပါပြီ။

(၉) အာမခံရယူခြင်းနှင့် အသုံးဝန်ဆောင်လုပ်ငန်း စတင်ပါ။

အိမ်ပိုင်ဆိုင်သွားပြီဆိုရင်တော့ အာမခံကုမ္ပဏီဆီမှာ သင့်ရဲ့ အိမ်အတွက် အာမခံထားပါ။ သင်က အိမ်ရှင်အသစ်ဖြစ်ကြောင်း အာမခံကုမ္ပဏီကိုပြောပြီး မူဝါဒအသစ်တွေ ရေးဆွဲခိုင်းပါ။ တကယ်လို့သင့်ဆီမှာ အာမခံကုမ္ပဏီမရှိရင်တော့ အခုချက်ချင်းရှာရတော့မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သင့်ရဲ့ ငွေချေးကုမ္ပဏီရဲ့ စည်းကမ်းချက်ထဲမှာ အာမခံလုပ်ဖို့ ကိစ္စ ပါဝင်လို့ဖြစ်ပါတယ်။

ဒ့ါအပြင် သင်သုံးစွဲမယ့် လျှပ်စစ်၊ မီး၊ ရေ စတဲ့ အသုံးဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာဌာနတွေဆီ သွားပြီး သင်အိမ်ပေါ် စနေမယ့် နေ့ကို အသိပေးပါ။

(၁၀) အိမ်သော့ယူပြီး ပစ္စည်းတွေစရွှေ့လို့ရပါပြီ

ဒါဆိုရင် သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အကြိုက်ဆုံးအိမ်တစ်လုံး ရသွားပါပြီ။ အိမ်ဝယ်ခြင်း ခရီးစဉ်ကနေ အိမ်ပိုင်ခြင်းခရီးစဉ်ကို ဒီနည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ပြီး စတင်လိုက်ပါ။ 

#Crd:Myanmar Builder Guide.

Read More
News for htet aung shine
02-Feb-2023

ထိုင်းတွင် မြန်မာ ကွန်ဒိုဝယ်ယူမှု ၆ ဆ ပိုများခဲ့

တရုတ်ပြည်မကြီးတွင် ခရီးသွားလာခွင့် ကန့်သတ်ထားခဲ့သော်လည်း တရုတ်လူမျိုးများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအပြောင်းအရွှေ့များကို ယမန်နှစ် ၂၀၂၂ တွင် လွှမ်းမိုးထားဆဲဖြစ်သည်။

မြန်မာနိုင်ငံသား  ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အရေအတွက်သည် စီးပွားရေးနှင့် နိုင်ငံရေး အကြောင်းပြချက်များကြောင့် မြန်မာသည် ကွန်ဒို အများဆုံးဝယ်ယူသည့် ထိပ်တန်း (၁၀ ) စာရင်းထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်။

ရန်ကုန်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံ CIM Property Consultants Co ၏ မန်နေဂျင်းဒါရိုက်တာနှင့် အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand ၏ အတိုင်ပင်ခံဝန်ဆောင်မှုများအတွက် လက်ထောက်မန်နေးဂျင်းဒါရိုက်တာ 
Karlo Pobre က ပြောကြားသည်မှာ 
စီးပွားရေးစိန်ခေါ်မှုများသည် ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံသားအချို့ကို ပိုမိုလုံခြုံစိတ်ချရပြီး တည်ငြိမ်သော စျေးကွက်များတွင် အရံဒုတိယအိုးအိမ်များ ထားရှိရန်  တွန်းအားပေးခဲ့သည်။ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အိုးအိမ် ထားရှိဖြစ်ကြသည်။

“မြန်မာနိုင်ငံက မိသားစု အတော်များများက ထိုင်းနိုင်ငံမှာ ဒုတိယအိုးအိမ်တွေကို အဓိက အကြောင်းပြချက် သုံးခုနဲ့ ဝယ်ယူကြတယ်။ပထမတစ်ချက်က ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များအတွက် ဓနဥစ္စာပိုင်ဆိုင်မှုကို ထားသိုတာ ဖြစ်ပါတယ်။ ဒုတိယအချက် ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများအတွက် ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ သူတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် နေထိုင်စရာ နေရာတစ်ခုအဖြစ် အသုံးချဖို့ပါပဲ”

အိမ်ခြံမြေသတင်းအချက်အလက်ဌာန Real Estate Information Center (REIC) ၏ အဆိုအရ ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ မြန်မာနိုင်ငံသားများထံသို့ လွှဲပြောင်းပေးသည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ထက် ခြောက်ဆကျော် မြင့်တက်လာခဲ့သည်။ ၂၀၂၂ ပထမ ၉ လအတွင်း ကွန်ဒိုအခန်း ၁၈၈ ခန်းကို မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့ကြသည်။ ၂၀၂၀ တွင် ၂၆ မျှသာ ရှိခဲ့ပြီး ၂၀၂၁ တွင် အခန်း ၃၀ မျှသာ ရှိခဲ့သည်။

ယင်းကြောင့် မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် သတ္တမမြောက် ကွန်ဒိုဝယ်ယူမှု အများဆုံးနိုင်ငံသား ဖြစ်လာခဲ့သည်။
REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍  ထိပ်တန်း(၁၀) စာရင်းထဲသို့ မြန်မာနိုင်ငံသားသည် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။

REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်း ၄၈ ခန်း ရှိခဲ့ပြီး ၂၀၁၉ တွင် ၅၄ ခန်းသို့ မြင့်တက်ခဲ့သည်။ ၂၀၂၀ တွင် ၂၆ ခန်းသို့ ကျဆင်းခဲ့သည်။ အကြောင်းမှာ ကိုဗစ်ကြောင့် လေဆိပ်များ ပိတ်ထားသောကြောင့် ဖြစ်နိုင်သည်ဟု Mr Pobre က သုံးသပ်သည်။
၂၀၂၂ ပထမ ၉ လတွင် မြင့်တက်ခဲ့သည်မှာ ၂၀၂၂ ဇွန်လတွင် မြန်မာနိုင်ငံမှ လေဆိပ်များ ပြန်ဖွင့်လိုက်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသားများ ဝယ်ယူကြသည့်  ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၇ ဒသမ ၁ သန်း ဖြစ်ပြီး နိုင်ငံခြားသားများ ဝယ်ယူကြသည့် ကွန်ဒို တိုက်ခန်းများအနက် ဈေးအမြင့်ဆုံးတွင် ပါဝင်သည်။ 
ဒုတိယနေရာတွင် ထိုင်ဝမ်နှင့် ပြင်သစ်တို့ ရှိနေပြီး ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၆.၃ သန်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအတွက် မြန်မာနိုင်ငံသား ပေးဆောင်ရသည့် ပျမ်းမျှဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ သို့မဟုတ် ဘတ် ၈.၅ သန်းဖြစ်ပြီး ပျမ်းမျှ အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၀ မှ ၁၀၀ အတွင်း ရှိကြောင်း၊ ၎င်းတို့သည် ပုံမှန်အားဖြင့် မျိုးဆက်နှစ်ခု သို့မဟုတ် သုံးခုရှိသော မိသားစုကြီးတစ်ခုအဖြစ် နေထိုင်ကြသဖြင့် အိပ်ခန်းနှစ်ခန်း ပါသည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်ကြောင်း Pobre က ပြောကြားသည်။
“ထိုင်းမှ တူညီတဲ့ စျေးနှုန်းခွင်ထဲမှာဖြစ်တဲ့  ကွန်ဒိုတွေက အရည်အသွေး ကောင်းမွန်ပြီး ရင်းနှီးမြုပ်နှံမှုပြုဖို့ ပိုစိတ်ချရတယ်” ဟု Mr Pobre က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အရံဒုတိယအိုအိမ်အဖြစ် ကွန်ဒိုတိုက်ခန်း ဝယ်ယူကြရာတွင် ဘန်ကောက်မြို့တွင် အဝယ်များကြသည်။ 
ဘန်ကောက်မြို့တွင် ရထားလိုင်းများနှင့် နီးသော Sukhumvit ကို နှစ်သက်ကြသည်။ အချို့က ကျန်းမာရေး ဝန်ဆောင်မှုများနှင့် နီးသည့်နေရာကို ရွေးချယ်ကြသည်။ အချို့က ပညာသင်ယူရန် တက္ကသိုလ်ကောလိပ်များနှင့် အနီးအနား နေရာမျိုးကို ရွေးချယ်ကြသည်။

REIC ၏ အဆိုအရ ၂၀၂၂ ခုနှစ် ပထမ ကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို အများဆုံး ဝယ်ယူခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံသားများသည်ကွန်ဒိုဝယ်ယူသည့် နိုင်ငံခြားသားများအကြားတွင်  ယခင်က ၆၀% ခန့်  ဖြစ်ခဲ့ပြီး ၂၀၂၂ ပထမ ၉ လတွင် ၄၈.၉% သို့ ကျဆင်းသွားခဲ့ပါသည်။
Source Bangkokpost 

#Crd:Myanmar Builder Guide.


Read More
News for htet aung shine
17-Jan-2023

မြန်မာတွင် ဆိုင်းငံထားသော စက်မှုဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းစု Amata က ဗီယက်နမ်နှင့် လာအိုတို့ထံ ရွှေ့ပြောင်းလုပ်ကိုင်

မြန်မာတွင် ဆိုင်းငံထားသော စက်မှုဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းစု Amata က ဗီယက်နမ်နှင့် လာအိုတို့ထံ ရွှေ့ပြောင်းလုပ်ကိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြည်ပကုမ္ပဏီ အများအပြား နိုင်ငံတွင်းမှ ထွက်ခွာသွားစေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စီးပွားရေးလုပ်ကိုင်မှုများ ရပ်ဆိုင်းခဲ့ကြတာမှာ Amata သည်လည်း  မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်မှု ရပ်ဆိုင်းခဲ့ပါတယ်။ 
“ဝန်ထမ်းတချို့နဲ့ ရုံးခန်းကို ဆက်လက်ထားရှိပြီး မြန်မာနိုင်ငံက စက်မှုဇုန်မှာ လုပ်ငန်းတွေ အားလုံးကိုတော့ ခေတ္တဆိုင်းငံ့ထားပြီး အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်” ဟု Amata ၏ စျေးကွက်ဆိုင်ရာ အရာရှိချုပ် Viboon Kromadit က ပြောကြားသည်။
“ချဲ့ထွင်ဖို့ စီစဉ်တဲ့အခါ မဲခေါင်ဒေသကို တစ်ခုလုံးအနေဖြင့် အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

 စက်မှုဇုန်များ ဖော်ဆောင်ရေးတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်း  Amata Corporation သည် ၎င်း၏ တိုးချဲ့မှု အစီအစဉ်ကို ၂၀၂၃ ခုနှစ်အတွက် ချိန်ညှိပေးထားပါသည်။ 
ကြီးထွားမှု မြန်ဆန်နေသည့် ဗီယက်နမ်၊ ထွန်းသစ်စ လာအိုတို့ထံ စူးစိုက်မှု ရွေ့ပြောင်းထားပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကို ရပ်ဆိုင်းထားပါသည်။

“ဒီနှစ်အတွက်တော့ ဗီယက်နမ်ကို ဆက်လက်အာရုံစိုက်နေတုန်းပါပဲ၊လာအိုနိုင်ငံက နေရာအသစ်‌အဖြစ်ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ လာအိုကို ကျွန်တော်တို့ ယမန်နှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီမှာ မကြာခင် စက်မှုဇုန်တွေ ကျွန်တော်တို့ စတင် တည်ဆောက်တော့မှာပါ” ဟု ၎င်းက ပြောကြားသည်။
ကုမ္ပဏီသည် အရင်းအနှီးအဖြစ် သုံးစွဲရန် ဘတ် ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၄၄ သန်း) ကို သီးခြားဖယ်ထားသည်။ ၎င်းပမာဏမှ ၅၀% ကို ဗီယက်နမ်တွင် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် သုံးစွဲမည်။ ၂၀% ကို ထိုင်းနိုင်ငံမှ စီမံကိန်းများအတွက် သုံးစွဲမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏကို လာအိုနိုင်ငံအတွက် သုံးစွဲသွားမည် ဖြစ်သည်။

နှစ်စဉ်ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း ၈% ဝန်းကျင်ရှိပြီး ငယ်ရွယ်သည့် အသက်အပိုင်းအခြားတွင် ရှိပြီး ဈေးသက်သာသော လုပ်သားအင်အားဖြင့် ဗီယက်နမ်သည် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိသည်။

Amata သည် ကြီးထွားလာနေသော စက်မှုဇုန်များ လိုအပ်မှုကို ဖြည့်ဆည်းရန်အတွက် စက်မှုဇုန်များ တိုးချဲ့ဖို့ မြေနေရာရယူရန်အတွက် ၎င်း၏ အရင်းအနှီး အများစုကို သုံးစွဲနေပါသည်။ အထူးသဖြင့် လုပ်သားအင်အား အများအပြားသုံးစွဲပြီး လုပ်ကိုင်ကြရသည့် လုပ်ငန်းများသည် ဗီယက်နမ်သို့ ရွှေ့ပြောင်းအ‌ခြေချလျက် ရှိနေသဖြင့် ယင်းတို့အတွက် စက်မှုဇုန်များ ထူထောင်ပေးထားမည် ဖြစ်သည်။

ကုမ္ပဏီသည် ဗီယက်နမ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ စက်မှုဥယျာဉ် သုံးခုကို လုပ်ကိုင်လျက် ရှိသည်။ စုစုပေါင်း အကျယ်အဝန်း ၁၈.၃ စတုရန်းကီလိုမီတာ ရှိသည်။ စက်ရုံ စုစုပေါင်း ၂၀၀ ကျော်ကို နေရာချပေးထားသည်။

ယမန်နှစ်တွင် Amata သည် လာအိုနိုင်ငံတွင် စက်မှုဥယျာဉ်တစ်ခု စတင်ထူထောင်ခဲ့ပါသည်။
ကြီးမားသော တရုတ်ဈေးကွက်ကြီးမှ ဝယ်ယူသုံးစွဲသူများကို လက်လှမ်းမီဖို့ လွယ်ကူစေသည့် မြန်နှုန်းမြင့်ရထားလမ်း အချိတ်အဆက်ကို လာအိုနိုင်ငံ ရရှိထားသဖြင့် လာအိုသည် ကုန်ထုတ်လုပ်ရေး  လုပ်ဆောင်လျှင် အလားအလာကောင်းသည့် နေရာတစ်ခု ဖြစ်လာသည်။

လာအိုမှ Amata City Natuey စီမံကိန်းသည် ဧရိယာ ၄.၁ စတုရန်းကီလိုမီတာ ရှိသည်။ တရုတ်-လာအို ရထားလမ်း၏ အဓိကျသည့် ရထားဘူတာရုံနှင့် နီးသဖြင့် စိတ်ဝင်စားမှု ရရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နီးသည်။

လာအိုသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သော်လည်း မြန်နှုန်းမြင့်ရထားလမ်းက လာအိုကို ကုန်လမ်းအချိတ်အဆက်ကောင်းသည့် နိုင်ငံအဖြစ်သို့ ပြောင်းလဲပေးလိုက်ပြီ ဖြစ်သည်။
“အဲ့ဒါကြောင့် ကျွန်တော်တို့ ခုန်ဝင်လိုက်တယ်” ဟု Viboon က ပြောကြားသည်။


ထိုင်းနိုင်ငံတွင် Amata သည် မြေဧရိယာ ထပ်မံရယူဖို့ စိတ်မဝင်စားပေ။ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်နှင့် ရယောင်းပြည်နယ်တို့တွင် မြေဧရိယာ ၂၈.၃ စတုရန်းကီလိုမီတာ ရထားပြီး စက်ရုံ ၁,၁၀၀ ခန့်ကို နေရာပေးထားသည်။

မြေအစား အခြေခံအဆောက်အအုံတွင် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသည်။ အထူးသဖြင့် 5G ကွန်ရက် ဆက်သွယ်ရေးနှင့် ပြန်ပြည့်မြဲ စွမ်းအင်တို့ကို လုပ်ကိုင်ဆောင်ရွက်သည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရန် ထိုင်းနိုင်ငံ၏ ဇီဝစက်ဝိုင်း-စိမ်းလန်း bio-circular-green(BCG) ပဏာမခြေလှမ်းကို ပံ့ပိုးကူညီပါသည်။ 

“BCG ကို နိုင်ငံများစွာက လက်ခံကျင့်သုံး‌ကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စက်မှုဇုန်တွေကို ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များဟာ BCG လိုအပ်ချက်များနှင့် ကိုက်ညီ‌ေနတာကြောင့် ရင်းနှီးမြှုပ်နှံသူများ ကျေနပ်မှု ရရှိကြပါလိမ့်မယ်။ ကမ္ဘာ့ဈေးကွက်ထဲလည်း ဝင်နိုင်ပါလိမ့်မယ်” ဟု Viboon က ပြောသည်။

ထိုင်းနိုင်ငံရှိ စက်မှုဇုန်များသည် အစိုးရမှ ရည်မှန်းချက်ထားသော ကဏ္ဍများဖြစ်ကြသည့် 
လျှပ်စစ်ကားများ၊ အနာဂတ်အတွက် အစားအစာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆေးဝါးနှင့် ဒေတာစင်တာများတွင် ခေတ်မီနည်းပညာများဖြင့် ဖွံ့ဖြိုးစေမှာဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုးတက်မှု ရပ်တန့်နေပြီး ထပ်မံမတိုးတက်တော့သည့် ‘ဝင်ငွေအလယ်အလတ်ထောင်ချောက်’ ကို ရှောင်လွှဲနိုင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

#Crd:Myanmar Builders Guide

Read More
News for htet aung shine
10-Jan-2023

"ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ"

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Studio Sofield က Steinway Tower တည်ဆောက်ပြီးစီးကြောင်း ကြေညာပြီး အရောင်းဖွင့်လိုက်ပါတယ်။ ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၇.၇၅ သန်းမှ ၆၆ သန်းအထိ အစားစား ရှိပါတယ်။ .. Steinway Tower အမြင့် ၁,၄၂၈ ပေ ရှိပြီး နယူးယောက် ဗဟိုပန်းခြံကို အထက်စီးမှ မြင်ရတဲ့ မြင်ကွင်းကို ပေးအပ်ထားပါတယ်။ . အမြင့်နှင့် အနံအချိုး 24:1 ဖြင့် ဒီဇိုင်းထုတ်ထားတဲ့ Steinway Tower ကို ၎င်း၏ developer များက “ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခမ်းနားထည်ဝါသော မန်ဟက်တန်မြို့လယ်ရှိ အထင်ကရနေရာမှာ ကမ္ဘာ့အပါးဆုံး မိုးထိတိုက် အဖြစ် အထင်ကရ အဆောက်အဦဖြစ်လာတဲ့ Steinway Tower တည်နေရာမှာ တစ်ချိန်တုန်းက သမိုင်းတွင်ခဲ့တဲ့ Steinway & Sons စန္ဒယားကုမ္ပဏီ တည်ရှိခဲ့တာကို အစွဲပြုပြီး Steinway Tower လို့ အမည်တွင်ပါတယ်။ တည်ရာ လိပ်စာအရ 111 West 57th Street အဆောက်အဦအဖြစ်ဖြင့်လည်း သိကြပါတယ်။ အထပ်ပေါင်း ၉၁ ထပ်ပါရှိပြီး လူနေတိုက်ခန်းများ ပါတဲ့ အထပ်များအပြင် တစ်ထပ်လုံး အပြည့်ယူထားတဲ့ အခန်းပါတဲ့ အထပ် ၄၆ ခု ပါဝင်ပါတယ်။ အလင်းမတူရင်ဖြစ်စေ၊ ရှုထောင့်မတူရင်ဖြစ်စေ အရောင်အသွေး ပြောင်းလဲတဲ့ မြေနီထည်ဖြင့် မျက်နှာစာကို အလှဆင်ထားပါတယ်။ Steinway Tower အတွင်းပိုင်းကို ၁၉ ရာစု အနှောင်းပိုင်း ရသ ရရှိအောင် အလှဆင်ထားပါတယ်။ ပြင်ပမှ အလင်း ပြည့်ပြည့်ဝဝ ဝင်နိုင်အောင် ပြတင်းပေါက်များ ပါတဲ့ ခန်းမထဲမှာ အလျား ၈၂ ပေရှိတဲ့ ရေကူးကန်တစ်ခု ထည့်ပေးထားပါတယ်။ အမြဲစိမ်းနေတဲ့ ဓနိပင်တွေကို ပြတင်းပေါက်တွေကြားမှာ နေရာချထားပြီး ယာမကာ မှီဝဲဖို့ နယူးယောက်ရဲ့ အစဉ်အလာ King Cole Bar လည်း ရှိနေပါတယ်။ ၁၄၂၈ ပေ မြင့်တဲ့ Steinway Tower ဟာ နယူးယောက်မှာ အပါးလွှာဆုံး မိုးထိတိုက် ဖြစ်ပေမဲ့ အမြင့်ဆုံး မိုးထိတိုက်တော့ မဟုတ်ပါဘူး။ နယူးယောက်မြို့မှ One World Trade Center က ၁၇၇၆ ပေ မြင့်ပြီး Central Park Tower က ၁၅၅၀ ပေ မြင့်ပါတယ်။ . ပါးလွှာ မိုးထိတိုက်တွေ ၁၉၇၀ ပြည့်လွန်နှစ်များမှာ ဟောင်ကောင်မှာ ခေတ်စားခဲ့ပြီး ခဲတံတစ်ချောင်း မတ်မတ်ထောင်ထားပုံနှင့် ခိုင်းနှုန်းပြီး ‘ခဲတံတာဝါ’ လို့လည်း ခေါ်ကြပါတယ်။ ဟောင်ကောင်ကို အတုယူပြီး အခြားမြို့ကြီးများမှာ ခဲတံတာဝါ တည်ဆောက်ခဲ့ကြရာမှာ နယူးယောက်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Credit: Myanmar Builder Guide

Read More
News for htet aung shine
07-Sep-2020

နိုင်ငံခြားသား အိမ်ခြံမြေအငှား ဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်:

မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ မန်နေဂျင်းဒါရိုက်တာဦးသန်းဦးက “COVID-19 ကမ္ဘာမှာ စတွေ့ရတဲ့ အချိန် မြန်မာနုင်ငံမှာ မဖြစ် သေးပေမယ့် သူတို့နိုင်ငံတွေ ပိတ်မှာစိုးလို့ နိုင်ငံခြားသားတွေ က မတ် ၂၃ ရက် နောက်ပိုင်း ပြန်ကြတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူကို မတ်လမှာ စတွေ့တယ်။

မတ်လ နဲ့ ဧပြီ လ မှာ တော်တော်များများ နိုင်ငံခြားသားတွေ ပြန်ကြတယ်။သူတို့ငှားနေခဲ့တဲ့ ခြံနဲ့အိမ်တွေ၊ ကွန်ဒို တွေဟာ ပြန်အပ်ကုန်ကြတယ်။ အဲလိုပြန်သွားပြီး အခုထိ တော်တော်များများပြန်မလာကြတော့ဘူး။ လေကြောင်းလိုင်းတွေ က လည်း အရေးကြီးကိစ္စ ကလွဲလို့ ပိတ်ထားတဲ့အတွက် တော်တော် များများ ပြန်မလာကြတော့ဘူး။’’ ဟု ပြောသည်။

iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက “COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလ မှာ နိုင်ငံခြားသား အငှား ၉၀ ရာခိုင်နှုန်းကျော်လောက်ကျဆင်းသွားတာ တွေ့ရတယ်။ အခန်းအများစု က ပိတ်ထားရတဲ့ အနေအထားဖြစ်နေတယ်။ တစ်ချို့ ငှားချင်သူတဲ့ အိမ်ရှင်တွေ ကလည်း ဈေးလျှော့ငှားလာကြတာတွေ့ရတယ်။’’ ဟု ဆိုသည်။

ယခင်COVID-19 ကာလမတိုင်မှ အိမ်ခြံမြေ တစ်ခု အငှားဈေးကွက်ပေါ်သို့ ငှားရမ်းရန် တင်၍ ကြော်ငြာပါက ပျမ်းမျှ ၁ လခွဲ မှ ၂လ အတွင်းအငှားရသော်လည်း ယခု တွင် ၃ လ မှ ၄ လ အထိ ကြန့်ကြာမှုရှိကြောင်း ဦးနေမင်းသူက ဆိုသည်။

နိုင်ငံခြားသားများကို အားပြုရသည့် အငှားဈေးကွက် သည် ဖေဖော်ဝါရီ လကုန် မှ ယခု အချိန် အထိ ပြန်လည်ဦးမော့လာခြင်းမရှိဘဲ အေးစက်လျက်ရှိသေးကြောင်း သိရသည်။ ယခင်က အငှားဈေး ငွေကျပ် ၁၂ သိန်းရရှိသော ကွန်ဒို အခန်းများကိုကျပ်၉ သိန်း၊ ၁၀သိန်းတန် ကွန်ဒိုအခန်းများကို ကျပ် ၈သိန်း ခွဲအထိ ဈေးလျှော့ငှားရန်း နေကြကြောင်း သိရသည်။

Credit : Myanmar Builders Guide

Read More
News for htet aung shine
31-Aug-2020

ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်မည့် နိုင်ငံတကာစက်မှုဇုန် ပတ်သက်၍ ဒေသခံပြည်သူလူထု၏ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်းမရရှိသေ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က

“ ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်မည့် နိုင်ငံတကာစက်မှုဇုန်နှင့် ပတ်သက်၍ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ၊ ခွင့်ပြုနိုင်ခြင်းမရှိပါက လွှတ်တော်တွင် တင်ပြထား၍ အတည်ပြုချက်အား မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ခွင့်ပြုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း ” မေးမြန်းရာ

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ စက်မှုဇုံ(၁၁)ဇုံအကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ် ၊ ဧပြီလ မတိုင်ခင်တည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ကြီးက လွှတ်တော်ကိုတင်ပြခဲ့ပါကြောင်း၊ လွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိခဲ့ပါကြောင်း၊

၂၀၁၈ ခုနှစ်မှ ယနေ့အချိန်အထိ ရန်ကုန်တိုင်း Investment Forum က ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ဖိတ်ခေါ်သည့်အခါ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက စိတ်ဝင်စားသည့် နေရာကို အစိုးရကအကောင်အထည်ဖော်မှုပုံစံများ ၊ operation model များ၊ နိုင်ငံတော်ကိုပေးသွင်းနိုင်မှုအခြေအနေများ၊ ပြည်တွင်းလုပ်ငန်းရှင်ဖြစ်လျှင် နိုင်ငံတော်ကို အခွန်ထမ်းဆောင် ထားမှုအခြေအနေများ စသည်ဖြင့် စိစစ်သုံးသပ်ပြီးရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အခိုင်အမာရှိလျှင် မြေပြင်ကွင်းဆင်း၍

ပြည်သူလူထု၏ သဘောထားတူညီချက်ကိုရယူပါကြောင်း၊ အလားတူ စီမံကိန်း (၁၁)ခုအနက် လှည်းကူးစက်မှုဇုံ စီမံကိန်းနှင့် ထန်းတပင်စက်မှုဇုံ စီမံကိန်း သည် on going process အနေဖြင့် ရှိနေပါကြောင်း၊ လှည်းကူးစက်မှုဇုံစီမံကိန်းသည် နောက်ဆုံး MIC က ခွင့်ပြုမိန့်ရပြီးသည့်အခြေအနေဖြစ်ပါကြောင်း၊ ထန်းတပင်စက်မှုဇုံသည် switch challenge ခေါ်ရန် International consultant farm ကို ရွေးချယ်မည့်အဆင့် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊

ကျောက်တန်းစက်မှုဇုံ ကိုလည်း ၇.၁.၂၀၂၀ ရက်နေ့တွင် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပါကြောင်း၊ စက်မှုဇုံတစ်ခုကို အကောင်အထည်ဖော်ဆောင်ရာတွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုသဘောတူရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ၁၀၀ ရာခိုင်နှုန်း သဘောတူညီချက်ရရှိမှသာလျှင် နောက်တစ်ဆင့်ကို တက်ရမှာ ဖြစ်ပါကြောင်း၊

ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်းသဘောညီချက်ရရှိလျှင် လွှတ်တော်ကို တင်ပြရပါကြောင်း၊ လွှတ်တော်က အတည်ပြုလျှင် သမ္မတရုံး၏ခွင့်ပြုချက်၊ DACU ၏ ခွင့်ပြုချက်၊ စီမံဘဏ္ဍာဝန်ကြီး၏ခွင့်ပြုချက်၊ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်၊ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို ဆက်လက်ရယူပြီး နောက်ဆုံး MIC ၏ ခွင့်ပြုချက်ကို ဆက်လက်ရယူပါကြောင်း၊

လုပ်ငန်းစဉ် အဆင့်ဆင့် (၁၁)ဆင့်ခန့်သွားရပါကြောင်း၊ ဥပဒေအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေပိုင်းဆိုင်ရာ လမ်းညွှန်မှုကို ခံယူရခြင်းများရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်း(၁)အား ဖြေကြားရာတွင့် (၁) ပြည်သူသဘောတူရမည်ဖြစ်ကြောင်း၊ ဘယ်အချိန်မှာ ၁၀၀ ရာခိုင်နှုန်းသဘောတူမည်ဆိုသည်ကို ခန့်မှန်းရ ခက်ပါကြောင်း၊

(၂) ပြည်သူသဘောတူညီချက်ရပြီးလျှင် ရန်ကုန်တိုင်းလွှတ်တော်ကသဘောတူညီကို ရယူရမည်ဖြစ်ပါကြောင်း၊ အဆိုတင်သွင်းရာတွင် ပြန်လည်ချေပပြီး မဲခွဲဆုံးဖြတ်ရမည့် အခြေအနေတွင် လွှတ်တော်၏သဘောတူညီချက်ရရှိပြီးမှ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေတစ်ခုရှိပါကြောင်း၊

လွှတ်တော်ကိုဖြတ်သန်းသည့် ကာလမှာလည်း အချိန်ကာလတစ်ခုရှိပါကြောင်း၊ လွှတ်တော်ကအတည်ပြုလျှင် ပြည်ထောင်စုအဆင့်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ရှိပါကြောင်း၊ သမ္မတရုံး၊ DACU ၊ စီးပွာရေး ကော်မတီ၊ အဓိကကျသည့် ဝန်ကြီးဌာန(၅)ခု၊ MIC သဘောတူညီချက်များ အဆင့်ဆင့်လုပ်ဆောင်ပြီးမှ စက်မှုဇုံကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကိုယ်စားလှယ်ကြီး၏ မည်သည့်အချိန်တွင် လုပ်ငန်းစတင်နိုင်မည်ဆိုသည့် အချိန်ကို တိတိကျကျပြောရန် အခက်အခဲရှိပါကြောင်း၊ မေးခွန်း(၂)နှင့် စပ်လျဉ်း၍ စီမံကိန်းသည် နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် Covid ကြောင့် အလုပ်အကိုင် အခွင့်အလမ်းသည် အစိုးရကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်သော်လည်း အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍

၇.၁.၂၀၂၀ ရက်နေ့တွင် တွေ့ရှိခဲ့သည့် ဒေသခံပြည်သူလူထု၏ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်းမရရှိသေးသည့်အတွက် ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပြီး သဘောတူညီချက် ရသည်နှင့် လွှတ်တော်ကိုတင်သွင်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူမည်ဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

# Credit

Read More
News for htet aung shine
31-Aug-2020

Centara က မြန်မာနိုင်ငံတွင် ဟိုတယ်အသစ် သုံးလုံး တည်ဆောက်မည်။

ထိုင်းနိုင်ငံ၏ထိပ်တန်းဟိုတယ်လုပ်ငန်းဖြစ်သော Centara Hotels & Resorts သည် မြန်မာနိုင်ငံရှိဟိုတယ်အသစ်သုံးခုအတွက် ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာသဘောတူညီချက်များ (hotel management agreements -HMAs) ကို SL International Constructionနှင့် လက်မှတ်ရေးထိုးခဲ့သည်။ ဟိုတယ်အသစ်သုံးခုမှာ Centara Hotel Thiri Hpa-An ၊ Hpa-An Hilltop Resort & Spa နှင့် Centara Hotel Mandalay တို့ဖြစ်သည်။

Centara Hotel Thiri Hpa-An သည် တည်းခိုရန် အခန်း ၇၇ ခန်းပါ ဟိုတယ်ဖြစ်ပြီး အစည်းအဝေးခန်းမများလည်း ပါဝင်မည် ဖြစ်သည်။ ပြင်ပ ရေကူးကန်တစ်ခု၊ စားသောက်ဆိုင်များ၊ ကာယလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်မည်။

Centra မှ အရင်ဆုံးဖွင့်လှစ်မည့် ဟိုတယ်မှာ ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်မည့် Centara Hotel Thiri Hpa-An ဖြစ်သည်။ ဒုတိယမြောက် ဖွင့်လှစ်မည့် ဟိုတယ်မှာ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည့် Hpa-An Hilltop Resort & Spa ဖြစ်ပြီး Centara Hotel Thiri Hpa-An နှင့် အနီးအနားတွင် တည်ရှိသည်။

Hpa-An Hilltop Resort & Spa သည် တောင်ထိပ်တွင် တည်ဆောက်မည်ဖြစ်ပြီဂ ဘန်ဂလို အမျိုးအစား အဆောက်အဦဖြစ်သည်။ တည်းခိုနားနေရန် အခန်း ၆၀ ပါသည်။ တောင်အောက် ရှုခင်းကို ကြည့်ရှုရန် မှန်ပြားကြမ်းခင်းတပ်ဆင်ပေးထားသည့် Skydeck ပါရှိမည် ဖြစ်သည်။


Centara Boutique Collection အမှတ်တံဆိပ်အောက်တွင် လုပ်ကိုင်မည် ဖြစ်သည့် အဆင့်မြင့် ဟိုတယ် ဖြစ်သည်။

ကရင်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော ဘားအံသည် ထုံးကျောက်တောင် ထူထပ်သောရှုခင်းများ၊ မြစပါးစိုက်ခင်းများ၊ တည်ငြိမ်အေးချမ်းသည့်ရေကန် စသည်တို့ဖြင့် ကျော်ကြားလှပသောမြို့တစ်မြို့ဖြစ်သည်။ ခရီးသည်များသည် ဘားအံကို ထိုင်းနိုင်ငံအနောက်ပိုင်းမဲဆောက်မှကုန်းလမ်းဖြင့် ရောက်ရှိနိုင်ပြီး ယခုနယ်စပ်မြန်မာနယ်စပ်ရှိ ကော့ကရိတ်မြို့နှင့်မြဝတီသို့ဆက်သွယ်သောလမ်းသစ်မှတစ်ဆင့် ၃ နာရီမျှဖြင့် သွားရောက်နိုင်သည်။

တတိယမြောက် ဟိုတယ်မှာ ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည့် Centara Hotel Mandalay ဖြစ်သည်။


အခန်း ၂၀၀ ပါ ဟိုတယ်ဖြစ်ပြီး shopping mall ၊ ကာစီနိုနှင့် ရုံးခန်းများ ပါဝင်သည်။ စားသောက်ဆိုင် သုံးဆိုင် ဖွင့်လှစ်မည်ဖြစ်ပြီး ကာယအလှလေ့ကျင့်ရေး အားကစားခန်းမလည်း ပါဝင်သည်ဟု သိရသည်။

Credit : Myanmar Builders Guide

Read More
News for htet aung shine
31-Aug-2020

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများ မဲနှိုက်ချထား

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် တိုက်ခန်းနေရာများ မဲနှိုက်ချထားပေးခဲ့သည်။

မဲနှိုက်ရာတွင် အုပ်စု(A) နိုင်ငံ့ဝန်ထမ်း (၃၁၅)ဦး၊ အုပ်စု(D) ကုမ္ပဏီဝန်ထမ်း (၃၅)ဦး စုစုပေါင်း (၃၅၀)ဦးအား မဲနှိုက်နေရာချထားပေးခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် အုပ်စု(B) အငြိမ်းစားဝန်ထမ်း (၆၉)ဦး၊ အုပ်စု(C) ပြည်သူ (၇၄)ဦး စုစုပေါင်း (၁၄၃)ဦးအား ဆက်လက်မဲနှိုက်နေရာ ချထားပေးသွားမည်ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြရည်နန္ဒာ တန်ဖိုးမျှအိမ်ရာစီမံကိန်းတွင် တိုက်ခန်း (၁)ခန်းလျှင် ၆၆၁ စတုရန်းပေရှိ၍ မြေညီထပ် ၂၈၈ ဒသမ ၄ သိန်း၊ ပထမထပ် ၂၅၇ ဒသမ ၅ သိန်း၊ ဒုတိယထပ် ၂၃၁ ဒသမ ၇၅ သိန်း၊ တတိယထပ် ၂၁၁ ဒသမ ၁၅ သိန်း၊ စတုတ္ထထပ် ၁၉၅ ဒသမ ၇ သိန်း၊ ပဥ္စမထပ် ၁၈၀ ဒသမ ၂၅ သိန်းဖြစ်ပြီး အဆိုပါတန်ဖိုးများမှာ ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်း ပါဝင်ပြီး မြေတန်ဖိုး ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘဲ တိုက်ခန်းတန်ဖိုးဖြင့်သာ ရောင်းချခြင်းဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနခွဲမှူး ဦးစိုးမင်းသိန်းထံမှ သိရသည်။

Credit : Myanmar Builders Guide

Read More
News for htet aung shine
10-Aug-2020

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ အငှား အိမ်ရာစီမံကိန်း တွင် အိမ်ခန်းပေါင်း (၆၃၀၀)ကို တည်ဆောက် သွားမည်

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြ စိုက်ပျိုးရေး အထူးဇုန်ရှိ

အိမ်ရာစီမံကိန်းဝင်းအတွင်း ကျင်းပသည့် ပြည်သူ့ အငှားအိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသန့်စင်မောင်နှင့် ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများ အသင်းနှင့် မြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် မြို့ပြနေ လူဦးရေ ၁၅ သန်းအနက် တစ်လဝင်ငွေ ကျပ် သုံးသိန်း အောက်ဖြစ်သည့် ဝင်ငွေနည်း ပြည်သူ များမှာ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ ကြောင့် အိမ်ငှားနေထိုင်ရန်ပင် မတတ်နိုင်သည့် အတွက် အိမ်ရာမဲ့များ တိုးပွားလာနိုင်ပါ ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက် လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေ များသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀၀၀၀ ယူနစ် ဆောက်လုပ်ဖြည့်ဆည်း ပေးရန် စီမံခဲ့ခြင်းဖြစ်ကြောင်း။

ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံ အဆောက် အအုံများ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူများ၏ လူမှုရေး လိုအပ်ချက် ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစားကွင်းနှင့် ပန်းခြံ စသည်များ ကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ အငှားအိမ်ရာ ဈေးကွက် တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကို ဖော်ထုတ် ဆောင်ရွက် ပေးရန် လည်း စီစဉ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

ဤစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ အသင်း အဖွဲ့များမှ ဦးစွာပထမ ငွေကြေးအရင်းအနှီး စိုက်ထုတ်၍ တည်ဆောက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပိုလျှံလာမည့် ဘတ်ဂျက် ထဲမှ ပြန်လည်ပေးချေမည့် စနစ်ဖြင့် အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။

ယခု ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စံပြ စိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေဧက (၁၇၁)ဧကပေါ်တွင် အခန်းပေါင်း (၅၀၇၂)ကို တည်ဆောက် သွားမည ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ချုပ်၊ လိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြို့ပြနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အသင်းများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် စုစုပေါင်း အခန်း (၆၃၀၀) တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် အခန်း(၁၂၀၀) ကျော်ကို အခြားသတ်မှတ်မြေနေရာ၌ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးအသင်း (၃) သင်းမှ ပြည်သူ့များ အတွက် အငှားအိမ်ရာ စီမံကိန်းအဖြစ် နေပြည်တော်တွင် အခန်းပေါင်း (၇၀၀)ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေ သကြီး တွင် အခန်းပေါင်း (၃၀၀၀)ကိုလည်းကောင်း ဆက်လက် အကောင် အထည်ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရ သည်။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ ခြင်းဖြစ်ပြီး ဝန်ထမ်းများ၊ ပြည်သူများ အပါအဝင် ဝင်ငွေနည်းပြည်သူများကို ဈေးကွက် တွင်ရှိသည့် ငှားရမ်းခထက်များစွာ သက်သာ သည့် နှုန်းထားနှင့် ငှားရမ်း နေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပါလီမန်ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ် ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်း ပေါင်း ၁၄၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်သော်လည်း အငှားအိမ်ရာလိုအပ်ချက်တွင် မြင့်မား နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများ အသင်းနှင့် မြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် မြို့ပြနေ လူဦးရေ ၁၅ သန်းအနက် တစ်လဝင်ငွေ ကျပ် သုံးသိန်း အောက်ဖြစ်သည့် ဝင်ငွေနည်း ပြည်သူ များမှာ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ ကြောင့် အိမ်ငှားနေထိုင်ရန်ပင် မတတ်နိုင်သည့် အတွက် အိမ်ရာမဲ့များ တိုးပွားလာနိုင်ပါ ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက် လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေ များသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀၀၀၀ ယူနစ် ဆောက်လုပ်ဖြည့်ဆည်း ပေးရန် စီမံခဲ့ခြင်းဖြစ်ကြောင်း။

ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံ အဆောက် အအုံများ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူများ၏ လူမှုရေး လိုအပ်ချက် ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစားကွင်းနှင့် ပန်းခြံ စသည်များ ကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ အငှားအိမ်ရာ ဈေးကွက် တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကို ဖော်ထုတ် ဆောင်ရွက် ပေးရန် လည်း စီစဉ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

# Cerdit : Myanmar Builders Guide

Read More
News for htet aung shine
22-Jul-2020

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ စတုတ္တအကြိမ်အဖြစ် တိုက်(၂၁)လုံးမှ တိုက်ခန်းများ ယခုနှစ် အတွင်း ထပ်မံရောင်းချ ပေးနိုင်ရန် စီစဉ်

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ စတုတ္တအကြိမ်အဖြစ် တိုက်(၂၁)လုံးမှ တိုက်ခန်းများ ယခုနှစ် အတွင်း ထပ်မံရောင်းချ ပေးနိုင်ရန် စီစဉ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသော တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ စတုတ္တအကြိမ်အဖြစ် တိုက်(၂၁)လုံးမှ တိုက်ခန်းပေါင်း(၅၀၀)ကျော် အား မဲစနစ်ဖြင့် ယခုနှစ် အတွင်း ထပ်မံရောင်းချ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ ဒုတိယဌာနခွဲမှူး ဒေါ်မျိုးအိအိစိုး ထံမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား နိုင်ငံ့ဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ကုမ္ပဏီဝန်ထမ်းများနှင့်ပြည်သူများအား နေထိုင်ရေး အဆင်ပြေစေရန် လက်ငင်းငွေချေစနစ်(သို့) အရစ်ကျစနစ်ဖြင့် တိုက်ခန်းများအား ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

တတိယအကြိမ် တိုက်(၂၁)လုံးမှ တိုက်ခန်းပေါင်း(၅၈၀)ကျော် ပြီးခဲ့တဲ့ ဇွန်လက ရောင်းချပေးပြီးပါပြီ၊ ဒီနှစ် ထဲမှာပဲ စတုတ္တအကြိမ် တိုက်(၂၁)လုံးမှ တိုက်ခန်းများ ထပ်မံရောင်းချဖို့ရှိပါသေးတယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြပြီး ခွင့်ပြုမိန့်ကျလာရင် ဘယ်အချိန်မှာ ရောင်းချရမလဲသိရမှာပါ၊ ထပ်မံရောင်းချမဲ့ တိုက် (၂၁)လုံး က တည်ဆောက် ပြီးစီးနေပါပြီ၊ ယခုနှစ်မှာပဲထပ်မံရောင်းချနိုင်အောင် ဆောင်ရွက်နေပါတယ် ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန မှ ဒုတိယဌာနခွဲမှူး ဒေါ်မျိုးအိအိစိုး က ပြောကြားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် တိုက်(၂၈)လုံး မှ တိုက်ခန်းများ၊ ၂၀၁၉ ခုနှစ်တွင် တိုက်(၁၉)လုံး မှ တိုက်ခန်းများ၊ယခုနှစ် ဇွန်လတွင် တတိယအကြိမ်အဖြစ် တိုက်(၂၁)လုံး မှ တိုက်ခန်းများအား နိုင်ငံ့ဝန်ထမ်း၊အငြိမ်းစားဝန်ထမ်း၊ကုမ္ပဏီဝန်ထမ်းနှင့်ပြည်သူများအား မဲစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် တိုက်(၂၁)လုံး မှ တိုက်ခန်းများအား ယခုနှစ်တွင် မဲစနစ်ဖြင့် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် ဇွန်လတွင် ရောင်းချခဲ့သော တိုက်ခန်း(၅၈၆)ခန်းမှ တိုက်ခန်းများ၏ အကျယ်အဝန်းနှင့် ဈေးနှုန်းများမှာ တိုက်ခန်းတစ်ခန်းလျှင် အကျယ်အဝန်း ၆၆၁ စတုရန်းပေရှိကာ ဈေးနှုန်းများအနေဖြင့် မြေညီထပ် တစ်ခန်းလျှင် ငွေကျပ်(၂၈၈.၄)သိန်း၊ ပထမ ထပ်တစ်ခန်းလျှင်(၂၅၇.၅)သိန်း၊ ဒုတိယထပ်တစ်ခန်း လျှင်(၂၃၁.၇၅)သိန်း၊ တတိယထပ်တစ်ခန်းလျှင်(၂၁၁.၁၅)သိန်း၊ စတုတ္ထထပ်တစ်ခန်းလျှင်(၁၉၅.၇)သိန်းနှင့် အပေါ် ဆုံး ထပ် တစ်ခန်းလျှင် ငွေကျပ်(၁၈၀.၂၅)သိန်း ဖြစ်ကြောင်း သိရသည်။

# Credit : Myanmar Builders Guide

Read More
News for htet aung shine
16-Jul-2020

ကသာမြို့၌ Sunrise Viewpoint ထပ်မံတည်ဆောက် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ပြည်သူများ လာရောက်အပန်းဖြေ

အနားယူနိုင်ရန်ရည်ရွယ်၍ ကသာမြို့ လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint ကို တည်ဆောက်လျက်ရှိရာ ဇွန်လတွင် လုပ်ငန်းအားလုံး ပြီးစီးနေပြီ ဖြစ်ပြီး ပြည်သူများ လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။ ကသာမြို့တွင် ရွှေဂူကြီးဘုရားရှေ့ရှိ Viewpoint တစ်ခု၊ တောင်ပေါ် ကျောင်းခြေရင်းရှိ Sunset Viewpoint တစ်ခုနှင့် လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint ဟူ၍ Viewpoint သုံးခုရှိပြီး လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint သည် သုည ဒသမ ၁၀၃ ဧကရှိရာ မြေနေရာအတွက် မြေပိုင်ရှင်က မြို့နယ်စည်ပင်သာယာရေးကော်မတီကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်ဘတ်ဂျက်မှာ ပျက်စီးနေတဲ့ လက်ရန်းတန်း ပေ ၃၀၀ ဆောင်ရွက်ဖို့ ငွေကျပ် ၇၅ သိန်း ရရှိခဲ့တယ်။ အဲဒီလက်ရန်းတန်း ပေ ၃၀၀ အနက်မှာ ပေ ၂၄၀ ကို လေးထပ်ကျောင်းအနီး Sunrise Viewpoint ဆောင်ရွက်ပြီး ကျန်ပေ ၆၀ ကိုတော့ အခြားပျက်စီးနေတဲ့ လက်ရန်းတန်းတွေကို ပြုပြင်ဖို့ညှိနှိုင်းဆောင်ရွက်ခဲ့ တယ်။ အဲဒီ Viewpoint ရင်ပြင်အတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ က ထောက်ပံ့ပေးတဲ့ ဘိလပ်မြေအိတ် ၂၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပြီး မီးတိုင်တွေကိုတော့ အလှူရှင်တွေဆီက ရရှိခဲ့တာဖြစ်ပါတယ်” ဟု ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဦးသန်းဇော်က ပြောသည်။

အဆိုပါနေရာသည် အရှည် ပေ ၂၄၀၊ ရောင်စုံမီးလုံးများနှင့် အုန်းပင် တန်းများရှိသည့်အတွက် ကသာမြို့၏ အပန်းဖြေနိုင်မည့်နေရာလေးတစ်ခု တိုးလာစေရန်အတွက် ဒေသခံပြည်သူများနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် မီးတိုင် ၁၅ တိုင်၊ | ရောင်စုံမီးလုံးများ၊ ခုံတန်းရှည်များနှင့် လေ့ကျင့်ခန်းလုပ်နိုင်မည့် အားကစားပစ္စည်းများပါ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

Credit : The Mirror Daily

Read More
News for htet aung shine
16-Jul-2020

စက်မှုဇုန် ဥပဒေသစ် အကြာင်း သိကောင်းစရာ

၂၀၂၀ ခုနှစ် မေလ ၂၆ ရက်တွင် စက်မှုဇုန် ဥပဒေကို ပြဌာန်း လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် အတည်ပြုပြဌာန်းပေးလိုက်တာ ဖြစ်ပြီး စက်မှုထွန်းကားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများကို စက်မှုဇုန်များ ထူထောင်ပေးခြင်းဖြင့် ဖန်တီးပေးရန် ပြည့်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်တွင်းမှ ရရှိတဲ့ ကုန်ကြမ်းများကို အခြေခံပြီး ထုတ်ကုန် တန်ဖိုး မြှင့်တင်ပေးရန် စတဲ့ ရည်ရွယ်ချယ်များ ထားရှိပါတယ်။

စက်မှုဇုန် ဥပဒေကို ပထမဆုံး ပြဌာန်းခဲ့တာ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေ’ မတိုင်ခင်မှာ စက်မှုဇုန်တွေ ရှိနေနှင့်ပေမဲ့ ဥပဒေပြဌာန်းထားခြင်း တိတိပပ မရှိခဲ့ပါဘူး။ အခုလို ဥပဒေကို ပြဌာန်းလိုက်တာဟာ စက်မှုကဏ္ဍကို အကျိုးပြုပေးဖို့ ဖြစ်ပြီး ၂၀၃၀-၂၀၃၁ မှာ ဂျီဒီပီရဲ့ ၃၇ ရာခိုင်နှုန်းအထိ တိုးစေဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျီဒီပီရဲ့ ၃၂ ရာခိုင်နှုန်း ရှိနေခဲ့ပြီး အလုပ်အကိုင်အရ ကြည့်ရင်တော့ ၁၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၂၀-၂၁ မှာ ခန့်မှန်းထားတာ စက်မှုကဏ္ဍက  ဂျီဒီပီရဲ့ ၃၃ ရာခိုင်နှုန်း ရှိပါလိမ့်မယ်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ စက်မှုကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ရေရှည်တည်တံ့မယ့် စီးပွားရေး အခြေအနေအရပ်ရပ်ကို ထူထောင်ဖို့အတွက်လည်း အရေးပါတဲ့ ကဏ္ဍမှ ပါဝင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးခြင်းဖြင့်လည်း အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးပါတယ်။

စက်မှုကဏ္ဍမှာ ဘာတွေ အကျုံးဝင်သလဲ

စက်မှုကဏ္ဍမှာ  သယံဇာတတူးဖော်ခြင်း၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပါဝါ၊ ဆောက်လုပ်ရေး စတာတွေ ပါဝင်ပါတယ်။

စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ

၁၉၉၅ ခုနှစ်မှာ အစိုးရက မြန်မာ စက်မှုဖွံ့ဖြိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်၊ အဲဒီအဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုမှာ စက်မှုဇုန် ၁၈ ခုကို ထူထောင်ခဲ့တယ်။ ဒါပေမဲ့ စက်မှုဇုန်တွေ ထူထောင်တာမှာ စနစ်တကျ လုပ်နည်းကိုင်ဟန်တွေ မရှိခဲ့ပါဘူး။ နေရာတစ်ခုမှာ စက်မှုဇုန် တစ်ခု ထူထောင်တာအတွက် စီးပွားရေးအရ ဖြစ်နိုင်ခြေကို ဆန်းစစ်သုံးသပ်ခြင်းလည်း မရှိခဲ့ပါဘူး။ စည်းမျဉ်းစည်းကမ်း ဥပဒေတွေလည်း စက်မှုဇုန်တွေအတွက် သတ်သတ်မှတ်မှတ် မရှိခဲ့ပါဘူး။  မြန်မာ စက်မှုဖွံ့ဖြိုးရေး ကော်မတီကို စက်မှုဖွံ့ဖြိုးရေး ကော်မတီအဖြစ် အမည်ပြောင်းလဲခဲ့ပြီး စက်မှုဖွံ့ဖြိုးရေူအတွက် ကနဦးလုပ်ဆောင်ချက်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ စိမ်းလန်းသန့်ရှင်းသော စက်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနဲ့အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာ စက်မှုဇုန် ၆၀ ခန့်ရှိပြီး ရန်ကုန်မြို့မှာ ၂၉ ခု တည်ရှိပါတယ်၊ အဲဒါအပြင် အထူးစီးပွားရေးဇုန်တွေလည်း ရှိပြီး အတိုကောက်အားဖြင့် Special EconomicZone တွေကို SEZ လို့ လူသိများပါတယ်။ ရခိုင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ SEZ တစ်ခုစီ အသီးသီး တည်ရှိပါတယ်။ SEZ တွေကို အထူးစီးပွားရေးဇုန် ဥပဒေ ပြဌာန်းပေးထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ စတင်သက်ရောက်ခဲ့ပါတယ်။ ၂၁၀၄ အထူးစီးပွားရေးဇုန် ဥပဒေဟာ အစောပိုင်းက ပြဌာန်းခဲ့တဲ့ အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ရပ်နဲ့ သဟဇာတ ဖြစ်ပြီး ပြင်ဆင်ချက်တွေ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ပေးဖို့ ကြိုးစားအားထုတ်ပါတယ်။ လက်ရှိအနေအထားမှာ စက်မှုဇုန်တွေရဲ့ အခြေခံအဆောက်အအုံကို ကောင်းမွန်အောင် လုပ်ပေးထားဖို့ လိုအပ်နေတာကြောင့် စက်မှုဇုန်တွေမှာ လုပ်ကိုင်ရတာ ခရီးမပေါက်ဘဲ လျော့နည်းနေပါတယ်။ 

၁၉၉၀ ပြည့်နှစ်လွန်နဲ့ ၂၀၀၀ ပြည့်နှစ်လွန်ကာလတွေမှာ ထူထောင်ပေးခဲ့တဲ့ စက်မှုဇုန်တွေရဲ့ တည်နေရာ အနေအထားအရ သယ်ယူပို့ဆောင်ရေးအပိုင်းအနေဖြင့် အဝေးပြေးလမ်းမကြီးတွေကို အချိတ်အဆက် မရှိတဲ့အပြင် ရထားပို့ဆောင်ရေးကိုလည်း သုံးဖို့ ခဲယဉ်းနေစေပါတယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေစေတယ်။ စက်မှုဇုန် ဖွံ့ဖြိုးမှုမှာ အခက်အခဲတွေကို ရင်ဆိုင်ကြရတယ်။

အဲဒီလို အခြေအနေမျိုးတွေရဲ့ ဆန့်ကျင်ဘက်ကို အထူးစီးပွားရေးဇုန်တွေမှာ တွေ့ရပါတယ်။ အထူးစီးပွားရေးဇုန်မှာ ဧရိယာ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံ ခိုင်မာသေချာတယ်။ သီလဝါ အထူးစီးပွားရေးဇုန်ဆိုရင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉ ခုနှစ် အစောပိုင်းအထိ အမေရိကန်ဒေါ်လာ ၁ . ၅ ဘီလျံ ဆွဲငင်နိုင်ခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး အချိတ်အဆက်လည်း ပိုကောင်းမွန်ပါတယ်။ ပင်လယ်ကူးသင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ မြစ်ဆိပ်ကမ်း ရှိတယ်။ ပဲခူးမြစ်ကို ဖြတ်သန်းဖို့ တံတားဆောက်လုပ်နေတယ်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် စက်မှုဇုန်တွေ ထူထောင်ဖို့ အစီအစဉ် ရှိထားတယ်။ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်။ ကော်မတီက လုပ်ငန်းလုပ်ဖို့ ပေးထားတဲ့ မြေကွက်တွေကို တကယ်အသုံးပြုရဲ့လားဆိုတာ စစ်ဆေးအတည်ပြုပါတယ်။ အသုံးမပြုတဲ့ မြေကွက်တွေကို ပြန်သိမ်းဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ စာရင်းအရ စက်မှုဇုန်မှာ တည်ရှိတဲ့ မြေကွက်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ စက်ရုံအလုပ်ရုံတွေ မထူထောင်ထားဘူး။ ဂိုဒေါင်သိုလှောင်ရုံတွေ၊ ခြံစည်းရိုး ကာရံထားရုံသက်သက်တွေ ဖြစ်ကြပါတယ်။

အခုလို အရေးယူဆောင်ရွက်တဲ့အခါ စက်မှုဇုန်တွေရဲ့ မြေကွက်အသီးသီးမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်း အမျိုးအစား အချက်အလက်တွေလည်း ကောက်ခံရရှိလိမ့်မယ်လို့ မှော်မှန်းထားကြတယ်။ 

စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးနဲ့ စီမံခန့်ခွဲမှုအပိုင်းကို ကိုင်တွယ်တော့မယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

စက်မှုဇုန် ဥပဒေ ရည်ရွယ်ချက်များ

  • စက်မှုဇုန်များ ရည်ရှည်ဖွံ့ဖြိုးတိုးတက်စေရန်
  • စက်မှုဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်
  • စက်မှုဇုန်များကို စနစ်တကျထူထောင်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်စေရန်
  • စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင်လာကြစေရန်
  • အလုပ်အကိုင်အခွင့်အလမ်းများ တိုးများလာစေရန်
  • ကွန်ရက်ချိတ်ဆက်မှု ပိုအားကောင်းလာစေရန်
  • အသုံးပြုခြင်း မရှိသော မြေကွက်များကို အကောင်အထည်ဖော် အသုံးပြုစေရန်

စသည့်အချက်များ ပါဝင်ပါတယ်။

စက်မှုဇုန် အဓိပ္ပာယ် သတ်မှတ်ချက်

“စက်မှုဇုန် ဆိုသည်မှာ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စက်မှုဇုန်အဖြစ် နယ်နိမိတ်ပိုင်းခြား သတ်မှတ်တည်‌ထောင်ထားသည့်နေရာကို ဆိုသည်” လို့  စက်မှုဇုန်ဥပဒေမှာ အဓိပ္ပာယ် သတ်မှတ်ချက် ပြဌာန်းထားပါတယ်။ 

ရှိရှိသမျှ စက်မှုဇုန်တွေ အကုန်လုံးကို သက်ဆိုင်ရာ ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ အသီးသီးက အုပ်ချုပ်စီမံသွားမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကော်မတီတွေရဲ့ အထက်မှာ ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိပြီး ဒေသဆိုင်ရာ ကော်မတီတွေက အဆိုပြုချက်များ တင်ပြပြီး ဗဟိုကော်မတီရဲ့ အတည်ပြုချက်ကို ရယူပြီး အကောက်အထည်ဖော် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

 စက်မှုဇုန် မြေအသုံးချမှု အင်္ဂါရပ်များ

 စက်မှုဇုန်ဧရိယာအတွက် မြေအသုံးချမှု အင်္ဂါရပ်များကို ရာခိုင်နှုန်း အချိုးအစားများ သတ်မှတ်ထားပါတယ်။

စက်မှုလုပ်ငန်း နယ်မြေ ၆၀ မှ ၇၀ %

ကုန်သွယ်မှု နယ်မြေ ၁ – ၅  %

စက်မှုဇုန် ဝန်ဆောင်မှုနှင့် အထောက်အကူပြု အသုံးချနယ်မြေ ၂၀ – ၂၅ %

စိမ်းလန်းနယ်မြေ ၉- ၁၀ %

ဒေသဆိုင်ရာ ကော်မတီက အရွယ်အစား၊ အမျိုးအစား အဆင့်အတန်း သတ်မှတ်ချက်တို့ကို တိတိကျကျ ဖော်ပြပြီး အဆိုပြုချက်ကို ဗဟိုကော်မတီထံ တင်သွင်းရမှာ ဖြစ်ပါတယ်။

developer တာဝန် နှင့် ရပိုင်ခွင့်များ

ရင်းနှီးတည်ဆောက်သူ developer အနေဖြင့်စက်မှုဇုန် တစ်ခု တည်ထောင်ရန် developer က အကောင်အထည်ဖော်မယ့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဒေသဆိုင်ရာ ကော်မတီထံ တင်သွင်းရမှာ ဖြစ်ပြီး ဒေသဆိုင်ရာ ကော်မတီက ဗဟိုကော်မတီထံ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။  အတည်ပြုချက် အဆင်ပြေလို့ ရင်းနှီးတည်ဆောက်သူနဲ့ ဒေသဆိုင်ရာ ကော်မတီတို့အကြား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြရမယ်၊ ပြီးတဲ့အခါ ရင်းနှီးတည်ဆောက်သူအနေဖြင့် ဆောက်လုပ်ရေးစီမံကိန်းတိုင်းကို သက်ဆိုင်ရာ စက်မှုဇုန်အတွင်းမှာ အဆိုပြုကာလအတွင်း အပြီးအစီး လုပ်ဆောင်ဖို့ တာဝန် ရှိပါတယ်။ အချိန်မီ ပြီးစီးခြင်း မရှိတဲ့အခါမှာ ခိုင်လုံတဲ့ အကြောင်းပြချက် အထောက်အထား မတင်ပြနိုင်ဘူးဆိုရင် ရင်းနှီးတည်ဆောက်သူ ရရှိထားတဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

စက်မှုဇုန်အတွင်း အကောက်ခွန်ကြီးကြပ်မှု ကုန်လှောင်ရုံစနစ် (Bonded Warehouse System) လုပ်ကိုင်မယ်ဆိုရင် အကောက်ခွန်ဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခွင့် ရှိပါတယ်။

စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လို့ ရတဲ့ လုပ်ငန်းတွေကတော့ ကုန်ချောပစ္စည်း၊ ထုပ်ပိုးပစ္စည်း၊ တန်းဖိုးမြှင့် ထုတ်ကုန်၊ ဆက်စပ်ကုန်ပစ္စည်း တို့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ပါတယ်။ ကုန်ကြမ်းကုန်ချော သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းတွေ၊ လမ်းပြင်လုပ်ငန်း၊ ထုတ်လုပ်သည့် ထုတ်ကုန်များ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ နှီးနွှယ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူဟာလည်း  ရင်းနှီးတည်ဆောက်သူနည်းတူ ဆောက်လုပ်ရေးစီမံကိန်းတိုင်းကို သက်ဆိုင်ရာ စက်မှုဇုန်အတွင်းမှာ အဆိုပြုကာလအတွင်း အပြီးအစီး လုပ်ဆောင်ဖို့ တာဝန် ရှိပါတယ်။ အချိန်မီ ပြီးစီးခြင်း မရှိတဲ့အခါမှာ နောက်ကျကြေးအဖြစ် မြေတန်ဖိုးရဲ့ ၁၀ % ကို ဒဏ်ကြေးပေးဆောင်ရမယ်။ ပျက်ကွက်ရင်  ရင်းနှီးတည်ဆောက်သူ ရရှိထားတဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။

မြေငှားရမ်းကာလ

ရင်းနှီးတည်ဆောက်သူဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူဖြစ်စေ သတ်မှတ်ထားတဲ့ မြေငှားရမ်းခ ပေးသွင်းပြီး နှစ်ပေါင်း ၅၀ မြေအသုံးပြုခွင့် ရှိပါတယ်။ သက်တမ်းပြည့်ရင် တစ်ကြိမ်လျှင် တစ်ဆက်တည်း ၁၀ နှစ်ဖြင့် ၂ ကြိမ် ဆက်တိုက် သက်တမ်းတိုးခွင့် ရှိပါတယ်။ 

မက်လုံးများ

ရင်းနှီးတည်ဆောက်သူဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူဖြစ်စေ သတ်မျတ်ကာလအပိုင်းအခြားအတွင်း အခွန်ကင်းလွတ်ခွင့်ကဲ့သို့သော ဆွဲဆောင်မှု မက်လုံးများ ရရှိနိုင်ပါတယ်။ 

ဖွံ့ဖြိုးမှုအားနည်းသော အရပ်ဒေသများ၊ အလုပ်အကိုင်အခွင့်လအမ်း နည်းပါးသော အရပ်ဒေသများရှိ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်း၊

စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်များကို တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာ အမျိုးမျိုး ထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ် တီထွင်ဆန်းသစ် ထုတ်လုပ်ခြင်းတို့အတွက် အထူးခံစားခွင့်များ ရရှိနိုင်သည်။

အချုပ်အားဖြင့် ဆိုရသော် စက်မှုဇုန်များကို ဥပဒေ ပြဌာန်းပေးထားပြီး လုပ်ထုံးလုပ်နည်းများကိုပါ ပြဌာန်း ပေးပြီးပါက ပြည်တွင်းအင်အားစုဖြင့် ထူထောင်ထားသော စက်မှုဇုန်များအတွက် အလားအလာကောင်းများ ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိသည်။ ကျူးကျော်ကိစ္စကဲ့သို့သော ပြဿနာများကိုလည်း ဥပဒေနှင့်အညီ ကိုင်တွယ်ပေးလိမ့်မည်ဟုလည်း မျှော်လင့်ရပေသည်။ 

Credit : Charltons Myanmar Law update

Read More
News for htet aung shine
22-Jan-2018

ပင်လယ်မျက်နှာမူ ကွန်ဒို မြိတ်မြို့မှာ ဆောက်လုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ – ပင်လယ်ကို မျက်နှာမူထားပြီး လမ်းလျှောက်ဈေး၊ ကမ်းနားပန်းခြံတွေနဲ့ ပေါင်းစပ်ထားတဲ့ Sea View ကွန်ဒိုအထပ်မြင့်အိမ်ရာစီမံကိန်းကို မြိတ်မြို့မှာ အခုလအတွင်း စတင်အကောင်အထည်ဖော်နိုင် မယ်လို့ Myanmar Builders Guideက သိရပါတယ်။

မြိတ်မြို့ရေပုန်းရပ်ကွက် ကမ်း နားလမ်း sea view ကွန်ဒိုစီမံကိန်းမှာ အဆင့်မြင့်လူနေအိမ်တိုက်ခန်းတွေပါဝင်မှာဖြစ်ပြီး မြိတ်မြို့ရဲ့ ပထ မဆုံး မိုးမျှော်အဆောက်အအုံဖြစ်လာမှာ ဖြစ်ပါတယ်။ ကွန်ဒိုအဆောက်အအုံကို ခွင့်ပြုချက်ရတာ နဲ့ Face One ဖြစ်တဲ့အဆောက်အ အုံ လေးလုံး ၂၂ ထပ်၊ ၂၈ ထပ်ပါ တဲ့ လေးလုံးကို နှစ်နှစ်အတွင်း အပြီးသတ်ဆောက်လုပ်မှာပါ။

အမြင့်ဆုံး ၃၂ ထပ်အထိ ပါဝင် မယ့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို ယန်စီမြစ်အင်တာနေရှင်နယ် ကုမဏီက တာဝန်ယူတည်ဆောက်နေ ပြီး ၂၂ ထပ်ကနေ ၃၂ ထပ်အထိ ပါ ဝင်မယ့် အဆောက်အအုံပေါင်း ၁၂ လုံး ရှိမှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး EIA, SIA (ပတ်ဝန်း ကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ အသိပေးခြင်း) ကို ပြီးခဲ့တဲ့ ရက်ပိုင်း က ပြုလုပ်ခဲ့ပြီး မကြာမီ လုပ်ငန်း စတင်မှာ ဖြစ်တယ်။

ကွန်ဒိုတည်ဆောက်မယ့်နေရာကို စုပေါင်းမြေအဖြစ်ပြောင်းရ မှာပါ။ စာရွက်စာတမ်း စုံလင်နေပြီ ဖြစ်တာကြောင့် တိုင်းဒေသကြီး စီမံခန့်ခွဲမှုကော်မတီကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက်တင်ပြမှာ ဖြစ်ပြီး သည်လထဲမှာ ခွင့်ပြုမယ်လို့ ယူဆထားပါတယ်။

ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေ၊ ရေကူးကန်၊ ကစားကွင်းနဲ့ လုံခြုံရေးစနစ်တွေကြောင့် မြို့နေလူထုကြားမှာ စိတ်ဝင်စားမှုရှိနေတဲ့စီမံကိန်းဖြစ်ပြီးစတင်ဆောက်လုပ်မယ့်ယခုလမှနှစ်နှစ်အတွင်းအဆောက်အအုံလေးလုံးကို အပြီးသတ်တည်ဆောက် မှာ ဖြစ်ပါတယ်။

Credit: The Kumudra

Read More
20-Jan-2018

ရန်ကုန်အိမ်ခြံမြေ လျှော့ဈေး၊ အောက်ဈေးနဲ့ အရောင်းအဝယ် တချို့ ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ – သည် နှစ် ဆန်း ပိုင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ မူလထက် လျှော့ဈေးတွေနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ iMyanmar House က သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကပေါက်ဈေးတွေထက် ၄၀ ရာခိုင် နှုန်းကျော် ဈေးလျှော့ရောင်းတဲ့ အိမ်ခြံ မြေအရောင်းအဝယ် အနည်းငယ် ဖြစ်လာပါတယ်။

“အောက်ဈေးနဲ့ အရောင်း အဝယ် တချို့တော့ ဖြစ်လာတယ်˘လို့ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ် ပြန်ကောင်းလာနိုင်ကြောင်း အကျိုးဆောင်တွေက  ခန့်မှန်းထား ကြပါတယ်။

မြို့တွင်းလမ်းမတန်းတွေမှာဆိုရင် တစ်ပေပတ်လည် ဈေးနှုန်း ကျပ် ၄၀ဝ,ဝ၀ဝ ကနေ ၃၀ဝ,ဝ၀ဝ လောက်အထိ ကျဆင်းသွားပြီး ဒဂုံဆိပ်ကမ်းလို မြို့ပြင်မြေကွက်တွေမှာတော့ ကျပ်သိန်း  ၃၀ဝ ၊ ၃၅၀ လောက် ဈေးကျလာကြောင်း အကျိုး ဆောင်တချို့က ပြောပါ တယ်။

လက်ရှိ တောင်ဥက္ကလာပမြို့ နယ်မှာဆိုရင်လည်း ကျပ်သိန်း ၃၀ဝ၊ သိန်း ၃၅၀ ဝန်းကျင် ၁၈ ပေ  x ၅၄ ပေ အခန်းတွေ ပိုရောင်းကောင်းနေပြီး မြေကွက်မှာ ဆိုရင် ပေ ၄၀ x ပေ ၆၀ ကွက်တွေကို ကျပ် ၄၅ သိန်း ခေါ်ဈေး အလျှော့အတင်းနဲ့ အရောင်းအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေ အကျိုးဆောင် ကိုအောင်ဟိန်းခန့် က “ဝယ်သူအ များစုက ၁၈ ပေခွဲ x ၅၄ ပေခန်းတွေ ပို ကြိုက်ကြတယ်၊ ကန်ထ ရိုက်ဘက်က  ကာလတိုအရစ်ကျ ရောင်း တယ်၊ အများစုက နေထိုင်ခွင့် မကျသေးတဲ့ တိုက်တွေပဲ ရောင်းကြတာများတယ်” လို့ ပြောပါတယ်။

ဈေးကျနေပေမဲ့ အချို့နေရာတွေမှာ အရောင်းအဝယ် ဖြစ်နေမှုတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကွန်ဒိုနည်း ဥပဒေ ထွက်ပေါ်လာတာကြောင့်  လုပ်ငန်း အများစုက ကွန်ဒိုတိုက်ခန်းတွေကို ဈေးကွက်မှာ အမြောက်အမြား တင်ပြီး ရောင်းချလာမှုတွေလည်း ရှိနေပါတယ်။
၂၀၁၈ မှာ ဝယ်ယူသင့်တဲ့ အိမ်ခြံမြေအမျိုးအစားက ဗဟန်း၊ ရန်ကင်း ၊ လှိုင်၊ ကမာရွတ်နဲ့ မရမ်းကုန်း မြို့နယ်တွေရှိ လုံးချင်းအိမ်တွေကို ဝယ်ယူသင့်ပြီး ဒဂုံ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ တိုက်ခန်းနဲ့ ကွန်ဒိုမီနီယံတွေ ဝယ်ယူသင့်ကြောင်း အကျိုးဆောင်တွေက သုံးသပ်ပါတယ်။

အိမ်ခြံမြေ ဈေးကွက် အေးနေပေမဲ့ အိမ်ငှားဈေးကွက်က မြို့တွင်း အချက်အချာကျတဲ့ နေရာတွေမှာ ပုံမှန် ငှားရမ်းမှုတွေရှိနေပြီး ကျန်နေရာတွေမှာ ငှားရမ်းမှု အနည်းငယ်ကျဆင်းပါတယ်။

၂၀၁၈ အိမ်ခြံမြေ ဈေးကွက်က ကြီးကြီးမားမား အပြောင်းအလဲ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အခွန်နှုန်းထား ဖြေလျှော့ပေးမှုတွေ ဖြစ်လာရင် အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ နောက်ပြီး အိမ်ခြံမြေ ဝန် ဆောင်မှု ဥပဒေက ၂၀၁၈ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ရင် ပိုကောင်းသွားမယ်။ သည်ဥပဒေ ထွက်ပြီးရင် အစိုးရရယ်၊ ရောင်းသူဝယ်သူရယ်၊ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ လောကသားတွေ တိုင်း ပြည်အကျိုး စီးပွားကို ရှေ့တန်းတင် အလုပ်လုပ်မယ်ဆိုရင် ဈေးကွက် တည်ငြိမ်အား ကောင်းလာနိုင်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

Credit: The Kumudra

Read More
19-Jan-2018

ကွမ်းခြံကုန်း ဆယ်အိမ်တန်းကမ်းခြေအနီးရွာတွေမှာ မြေဈေးမြင့်လာ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ - ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေကို လာရောက်လည်ပတ်သူတွေ များပြားလာတာကြောင့် အနီးတစ် ဝိုက်ရွာတွေက မြေဈေးတွေ မြင့် တက်လာကြောင်း i Myanmar house က သိရပါတယ်။
ရန်ကုန်နဲ့ နေ့ချင်းပြန်သွားနိုင် တဲ့ အဲသည်ကမ်းခြေကို ပြီးခဲ့တဲ့ ၂၀၁၇ နှစ်စပိုင်းက လူသိများပြားလာခဲ့ပြီး ယခင်က နာမည်ကျော်ခဲ့တဲ့ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ် ကုန်းကမ်းခြေအနီးမှာ တည်ရှိနေပါတယ်။ လူသိများလာတာကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေက စပြီး မြေငှားရမ်း လုပ် ဆောင်နေကြောင်း သိရပါတယ်။

ဆယ်အိမ်တန်း ကမ်းခြေဒေသခံတစ်ဦးက “ခုဆိုရင် ကမ်းခြေမှာဆိုရင် တော်တော်လေးစည်နေ ပြီ၊ ကွမ်းခြံကုန်းဘက်ကသူတွေလဲ ဆင်းလာတယ်၊ ရန်ကုန်ဘက်က လူတွေလဲ ဆင်းလာတယ်၊ ခုဆို ရင် ဆိုင်တွေဖွင့်ဖို့ မြေနေရာတွေ တော် တော်လေးကို ငှားနေရပြီ၊ တချို့က မြေတွေ တောင် လာဝယ်ပြီး ဘန်ဂလိုတွေ ဆောက်ဖို့ စီစဉ်နေတာတွေလဲ ရှိတယ်”လို့ ပြောပါတယ်။

ဆိုင်ခန်းငှားရမ်းခအဖြစ် ကမ်း ခြေ မျက်နှာစာဘက်ခြမ်းမှာ ၂၅ ပေ X ပေ ၅၀  မြေနေရာ အကျယ်ကို တစ်လကို ကျပ်တစ်သိန်းကနေ နှစ်သိန်းအထိ   ငှားရမ်းခပေးပြီး ဖွင့်လှစ်သူ များလာကြောင်း သိရပါ တယ်။ ရေနက်ဆိပ်ကမ်းတွေ ဆောက်လုပ်မယ်လို့ ရန် ကုန်တိုင်း အစိုးရ အဖွဲ့က ပြောကြားထားတာ ကြောင့် နောက်ပိုင်းမှာ မြေလာ ဝယ်သူတွေ များနေတယ်။

Credit: The Kumudra

Read More
18-Jan-2018

ဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာ အခန်း ၇၀ဝ ဆောက်လုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ – ဝန်ထမ်းတွေအတွက် အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာ အိမ်ခန်းပေါင်း ၇၀ဝ ခန့်ရှိတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ အစိုးရနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းပူးပေါင်းပြီး ဖော်ဆောင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း ရာခိုင်နှုန်း ၅၀ မှာ ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးမှာဖြစ်ပါတယ်။ မျှော်မှန်းထားတာကတော့ ရန်ကုန်တိုင်းမှာဆိုရင်လည်း အခန်း ၄၀ဝ ဝန်းကျင်၊ နေပြည်တော်မှာ ၂၀ဝ ဝန်းကျင်၊ မန္တလေးမှာ အခန်း ၁၀ဝ လောက်၊ နိုင်ငံတော်ကခွင့်ပြုတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီးတည်ဆောက်မယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထိန်က ပြောပါတယ်။

Credit: The Kumudra

Read More